တာချီလိတ်မြို့ စည်ပင်ရုံးအနီးရှိ တံတားအောက် ရေစပ်တွင် စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေး အလောင်းတွေ့ ရှိ

တာချီလိတ်မြို့ စည်ပင်ရုံးအနီးရှိ တံတားအောက် ရေစပ်တွင် စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေး အလောင်းတွေ့ ရှိ
ဇွန် 9, 2020
By Tachileik News Agency

တာချီလိတ်မြို့ စည်ပင်ရုံးအနီးရှိ တံတားအောက် ရေစပ်တွင် စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေး အလောင်းတွေ့ ရှိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် နှင့် ရန်အောင်မြေရပ်ကွက်အကြား စည်ပင်ရုံးအနီးရှိ တံတားအောက် ရေစပ်တွင် မွေးကင်းစကလေးတစ်ဦး စွန့်ပစ်ထားသည်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့က တွေ့ရသဖြင့် ရဲတပ်ဖွဲ့မှ စစ်ဆေးနေကြောင်း သိရသည်။

ချောင်းစပ်မှာ ပစ်ထားတာ တွေ့ရတယ်။ ရဲစခန်းက ဖုန်းဆက်ပေးလို့ သွားသယ်ပေးပြီး ညနေကပဲ ချက်ချင်း သဂြိုလ်လိုက်ပါပြီ။ ကလေးက အသေလေး ပစ်ထားတာတွေ့ရတယ်။ ဒီနားမှာ ဒီလိုတွေ့ရတာ ဒါနဲ့ဆို (၂)ကြိမ်ရှိသွားပြီ။ ကျွန်တော်တို့ ပြောချင်တာကတော့ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ကလေးမွေးဖို့ အခက်အခဲရှိတယ်ဆိုရင် ကျွန်တော်တို့အသင်းကို ဆက်သွယ်လို့ရပါတယ်။ ကျွန်တော်တို့မှာ မွေးကင်းစ စွန့်ပစ်ကလေးတွေကို လက်ခံစောင့်ရှောက်ပေးထားပါတယ် 

ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တံတားအောက် ရေစပ်တွင် ကလေးအလောင်းတွေ့ရသဖြင့် လာရောက်သယ်ဆောင်ပေးရန် ညနေ (၆)နာရီဝန်းကျင်၌ ရဲတပ်ဖွဲ့က အကူအညီတောင်းသဖြင့် သွားရောက်သယ်ယူရာ မွေးကင်းစ ယောက်ျားလေးတစ်ဦးကို စွန့်ပစ်ထားသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~