ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသည့် ရခိုင်ပြည်နယ်တွင်းက နှစ်ဦးတွင် COVID 19 ပိုးတွေ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသည့် ရခိုင်ပြည်နယ်တွင်းက နှစ်ဦးတွင် COVID 19 ပိုးတွေ့
ဇွန် 10, 2020
By Tachileik News Agency

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသည့် ရခိုင်ပြည်နယ်တွင်းက နှစ်ဦးတွင်  COVID 19 ပိုးတွေ့ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူ (၂)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၂၄၈) ဦး ရှိလာပြီဖြစ်ပြီး ဆေးရုံဆင်းလူနာ (၁၄၈)ဦးရှိပြီဖြစ်သည်။

အသစ်ထပ်တွေ့ရသည့် လူနာ(၂)ဦးသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့က အသက်(၄၆)နှစ်ရှိ အမျိုးသမီးနှင့် အသက်(၃၂)နှစ်ရှိ အမျိုးသားတို့ဖြစ်ပြီး ၎င်းတို့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူများဖြစ်ပြီး ၎င်းတို့ လူနာနှစ်ဦးကို  မောင်တောမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံ၌ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးကုသမှုခံယူနေသူများကို ပြန်လည်ဓာတ်ခွဲစစ်ဆေးရာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့သူအရေအတွက်မှာ ဇွန်လ (၁၀)ရက်နေ့အထိ စုစုပေါင်း (၁၆၅)ဦးရှိသည့်အနက် (၁၄၈)ဦး ဆေးရုံဆင်းခွင့်ရထားခြင်းဖြစ်ပြီး အတည်ပြုလူနာဖြစ်ပြီး သေဆုံးသွားသူ (၆)ဦးရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID 19 ဓာတ်ခွဲနမူနာများ စစ်ဆေးခြင်းအား ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန ၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)တို့တွင် ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~