တာချီလိတ်သို့ ရောက်လာသည့် မြန်မာနိုင်ငံသား (၇၇)ဦးတွင် covid-19 ပိုးမတွေ့၍ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြု

တာချီလိတ်သို့ ရောက်လာသည့် မြန်မာနိုင်ငံသား (၇၇)ဦးတွင် covid-19 ပိုးမတွေ့၍ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြု
ဇွန် 10, 2020
By Tachileik News Agency

တာချီလိတ်သို့ ရောက်လာသည့် မြန်မာနိုင်ငံသား (၇၇)ဦးတွင် covid-19 ပိုးမတွေ့၍ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြု

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာ တရားရိပ်သာ Quarantine Center ၌ ထိုင်းဘက်မှ ပြန်လာသူ (၇၆) ဦးနှင့် လာအိုနိုင်ငံဘက်မှ နေရပ်ပြန်လာသူ (၁)ဦးတို့တွင် ပိုးမတွေ့ကြောင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့ နံနက်က  ဓာတ်ခွဲအဖြေရလာ၍ နေရပ်အသီးသီးသို့ ပြန်ခွင့် ပြုလိုက်ပြီဖြစ်သည်။

အဆိုပါ (၇၇)ဦးတွင် ပိုးမတွေ့ကြောင်း အဖြေထွက်သည့်အတွက် ကျန်းမာရေးက ထောက်ခံစာများကို တစ်ဦးချင်းစီအလိုက် ထုတ်ပေးပြီးနောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံစိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်တို့က ခရီးစရိတ်များ ထောက်ပံ့ပေးပြီး တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦီးချမ်းမြေ့စော၊ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးထောက်ခံစာများ ပေးအပ်ခဲ့ကြသည်။

နေရပ်သို့ ပြန်ချိန်တွင် လမ်းတွင် စားသောက်နိုင်ရန်အတွက် ခရိုင်/မြို့နယ် covid-19 ကော်မတီ နှင့် စေတနာရှင်များမှ လှူဒါန်းပေးလာသည့် ထမင်းနှင့်သောက်ရေသန့်များ၊ Mask များကို Quarantine Center တွင် ကူညီပေးနေသည့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ နှင့် Volunteer များက ပေးဝေခဲ့ကြသည်။

ယခုနေရပ်ပြန်သွားသူများသည် ဇွန်လ (၅)ရက်နေ့က ထိုင်းဘက်မှ နေရပ်ပြန်နှင့် ပြစ်ဒဏ်စေ့ လွှဲပြောင်းလာသူ စုစုပေါင်း (၇၆)ဦးနှင့် လာအိုနိုင်ငံမှ ဇွန်လ (၆)ရက်နေ့က ပြန်လာသူ (၁)ဦးတို့ဖြစ်သည်။

တာချီလိတ်သို့ ထိုင်းနှင့်လာအိုနိုင်ငံတို့မှ   ပြန်ဝင်လာသူများကို မိုးကုတ်ဝိပဿနာတရားရိပ်သာ၌ ဖွင့်လှစ်ထားသည့် Quarantine center တွင် ယာယီထားရှိပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးကာ ပိုးမတွေ့ကြောင်း ဓာတ်ခွဲအဖြေရရှိမှ နေရပ်အသီးသီးသို့ ပြန်စေပြီး (၂၁)ရက် quarantine ဆက်လက်နေထိုင်စေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - စောခေါင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~