ထိုင်းနိုင်ငံကနေ တာချီလိတ်ကို ပြန်လာသူ (၉၃)ဦးရဲ့ covid-19 ဓါတ်ခွဲနမူနာများကို ပို့စစ်ထား

ထိုင်းနိုင်ငံကနေ တာချီလိတ်ကို ပြန်လာသူ (၉၃)ဦးရဲ့ covid-19 ဓါတ်ခွဲနမူနာများကို ပို့စစ်ထား
ဇွန် 4, 2020
By Tachileik News Agency

ထိုင်းနိုင်ငံကနေ တာချီလိတ်ကို ပြန်လာသူ (၉၃)ဦးရဲ့ covid-19 ဓါတ်ခွဲနမူနာများကို ပို့စစ်ထား

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံမှ ပြန်လာသူ (၉၃) ဦးကို COVID 19 စစ်ဆေးရန် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့က ဓာတ်ခွဲနမူနာရယူထားပြီး ရန်ကုန်ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ထားတာကြောင့်မလို့ အဲ့ဒီဓါတ်ခွဲအဖြေဟာ ဇွန်လ(၄)ရက်နေ့ ညပိုင်း နဲ့ ဇွန်လ(၅)ရက်နေ့ နံနက်ပိုင်းတွေမှာ သိနိုင်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ကနေ တာချီလိတ်ကို ဇွန်လ(၂)ရက်နေ့က ရောက်လာရှိလာတဲ့ (၉၂)ဦး နဲ့ ဆေးကုပြီး ပြန်လာတဲ့ တစ်ဦး အပါအဝင် စုစုပေါင်း (၉၃)ဦးရဲ့ ဓါတ်ခွဲနမူနာများကို ရယူတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နေရပ်ပြန်များကို ဓါတ်ခွဲအဖြေမထွက်မချင်း တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာမှာ ဖွင့်လှစ်ထားတဲ့ facility quarantine center မှာ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ နဲ့ အလှူရှင်များ ပေါင်းပြီးထားရှိပေးထားတာဖြစ်ပါတယ်။

ဓါတ်ခွဲအဖြေထွက်လာရင်တော့ ပိုးမတွေ့ရရင် နေရပ်ဒေသအသီးသီးကို နောက်တစ်နေ့မှာ ပြန်ခွင့်ပေးမှာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ တာချီလိတ်ကို ထိုင်းနိုင်ငံက ဖြစ်စေ လာအိုနိုင်ငံက ဖြစ်စေ ရောက်ရှိလာသူများ အားလုံးကို မိုးကုတ်တရားရိပ်သာရဲ့ facility quarantine center မှာ (၄)(၅)ရက်ထားရှိကာ covid-19 ပိုးစစ်ဆေးပေးပြီးမှ နေရပ်ဒေသများကို ပြန်ခွင့်ပေးတော့မှာ ဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
ရိုက်ကူး - စိုင်းအောင်ဝင်းမိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~