မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ ဇွန်လ (၁၅)ရက်နေ့တွင် နေရပ်ပြန်ခွင့်ရသူများ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များကို မြန်မာအလုပ်သမား သံအရာရှိရုံးထံ ဆက်သွယ် ရယူရန် လိုအပ်

မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ ဇွန်လ (၁၅)ရက်နေ့တွင် နေရပ်ပြန်ခွင့်ရသူများ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များကို မြန်မာအလုပ်သမား သံအရာရှိရုံးထံ ဆက်သွယ် ရယူရန် လိုအပ်
ဇွန် 11, 2020
By Tachileik News Agency

မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ ဇွန်လ (၁၅)ရက်နေ့တွင် နေရပ်ပြန်ခွင့်ရသူများ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များကို  မြန်မာအလုပ်သမား သံအရာရှိရုံးထံ ဆက်သွယ် ရယူရန် လိုအပ်

မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ ဇွန်လ (၁၅)ရက်နေ့တွင် နေရပ်ပြန်ခွင့်ရသည့် ထိုင်းနိုင်ငံတွင်းမှ မြန်မာလုပ်သားများ အနေဖြင့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များကို မြန်မာအလုပ်သမား သံအရာရှိရုံးထံ ဆက်သွယ်ရယူပြီး နယ်စပ်တံတားထိပ်သို့ ဇွန်လ (၁၅)ရက်နေ့ ထိုင်းစံတော်ချိန် နံနက် (၉)နာရီခွဲထက် နောက်မကျဘဲ မိမိအစီအစဉ်ဖြင့် ရောက်ရှိရန်လိုအပ်ကြောင်း သိရသည်။

မြန်မာသံရုံးနှင့် ထိုင်းအာဏာပိုင်များ ပူးပေါင်းစီစဉ်မှုဖြင့် ချင်းမိုင်ခရိုင်၊ ချင်းရိုင်ခရိုင်၊ ဗန်ကောက်ခရိုင်၊ မယ်ဟောင်ဆောင်ခရိုင်၊ ဆုန်ခလာခရိုင်၊ ဖရာယ့်ပြည်နယ် အတွင်းမှ နေရပ်ပြန်လိုကြောင်း အမည်စာရင်းတင်ပြထားသူများအနက် အထူးအစီအစဉ်ဖြင့် မယ်ဆိုင်- တာချီလိတ် နယ်စပ်ဂိတ်ကို ဖြတ်သန်းသွားလာခွင့်ရသူ (၇၉)ဦး၏အမည်စာရင်းကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့တွင်  မြန်မာအလုပ်သမားသံအရာရှိရုံးက  ထုတ်ပြန်ကြေညာထားသည်။

အလုပ်သမားများအားလုံးသည် ခရီးသွားလာရန်အတွက် ထောက်ခံစာထုတ်ယူရန် လိုအပ်သဖြင့် ချင်းမိုင်ခရိုင်အတွင်းမှ အလုပ်သမားများသည် ချင်းမိုင်မြို့၊ ကောင်စစ်ဝန်ရုံးသို့ ထောက်ခံစာများကို လာရောက်ထုတ်ယူရန်နှင့် ချင်းမိုင်ခရိုင်ပြင်ပမှ အလုပ်သမားများသည် ထောက်ခံစာရရှိရန် အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည်။

ထောက်ခံစာမထုတ်ယူနိုင်သူများအနေဖြင့် အလုပ်သမားသံအရာရှိရုံး၊ ချင်းမိုင်မြို့သို့ အချိန်မီတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ချင်းမိုင်ခရိုင်တွင်းမှ နေရပ်ပြန်ခွင့်ရ မြန်မာလုပ်သားများအနေဖြင့် ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ရုံး The Consulate-General of the Republic of the Union of Myanmar, 94 Maneenopparat Soi 3, Tambon Chang Phueak, Mueang Chiang Mai District, Chiang Mai 50200 သို့ ဇွန်လ (၁၄)ရက်နေ့ နေ့လယ် (၁၁)နာရီအချိန်တွင် အခမဲ့လာရောက် ထုတ်ယူနိုင်ကြမည်ဖြစ်ပြီး ဖုန်းဖြင့် ဆက်သွယ်ရန်လိုအပ်သူများ 052 004 211 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ရုံးသို့ သွားရောက်ရန် အခက်အခဲရှိသူများ ယခု မြေပုံအညွှန်းဖြင့် https://goo.gl/maps/YT3GnoD1y21vQTjZhttps://goo.gl/maps/YT3GnoD1y21vQTjZ7 သွားရောက်နိုင်ကြမည်ဖြစ်သည်။

ချင်းမိုင်ခရိုင်ပြင်ပမှ ထောက်ခံစာရယူရန်လိုအပ်သူများအနေဖြင့် အလုပ်သမားသံအရာရှိရုံး ဖုန်း ၀၉၉၀၅၉၂၃၅၂ သို့ ဆက်သွယ်ရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~