ထိုင်းနိုင်ငံမှ နေရပ်ပြန် နှင့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၇၆)ဦးကို တာချီလိတ်တွင် လက်ခံထားပြီး covid-19 ပိုးစစ်ဆေးရန်အတွက် ရက်တို Quarantine ထားရှိ

ထိုင်းနိုင်ငံမှ နေရပ်ပြန် နှင့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၇၆)ဦးကို တာချီလိတ်တွင် လက်ခံထားပြီး covid-19 ပိုးစစ်ဆေးရန်အတွက် ရက်တို Quarantine ထားရှိ
ဇွန် 5, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ  နေရပ်ပြန် နှင့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၇၆)ဦးကို တာချီလိတ်တွင် လက်ခံထားပြီး covid-19 ပိုးစစ်ဆေးရန်အတွက် ရက်တို Quarantine ထားရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံဘက်မှ နေရပ်ပြန် (၅၀) ဦးနှင့် ပြစ်ဒဏ်စေ့ (၂၆) ဦးတို့ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့၌ မယ်ဆိုင်ဘက်မှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးလာသည်။

“ဒီနေ့တော့ နေရပ်ပြန်နဲ့ ပြစ်ဒဏ်စေ့ စုစုပေါင်း (၇၀)ကျော် လက်ခံထားတယ်။ ဓာတ်ခွဲအဖြေစောင့်နေတဲ့ နေရပ်ပြန်က (၉၀)ကျော်ရှိတယ်။ ဒီဘက်မှာ နေရပ်ပြန်တွေကို quarantine (၂၁)ရက်အထိ ထားစရာမလိုတော့ပေမဲ့ ဓာတ်ခွဲအဖြေရသည် အထိထားရတော့ ဓာတ်ခွဲအဖြေစောင့်ရတဲ့ရက်နဲ့ တွက်လိုက်ရင် လေးငါးရက်တော့ ထားရတယ်။ နောက်ပြီးလက်ခံရတာမှာ ဝင်လာတဲ့နေ့မတူရင် အတူတူထားလို့မရဘူးဆိုတော့ တစ်သုတ်ပြီး တစ်သုတ်ကို လေးငါးရက်ခြားပြီး ညှိနှိုင်းလက်ခံရတယ်။ လာအိုဘက်ကလည်း ပြန်လာချင်တဲ့သူတွေကို တင်ပြလာရင်တော့ ထိုင်းဘက်က လက်ခံတဲ့ရက်နဲ့ညှိပြီး လက်ခံပေးမှာပါ။ သူတို့ စာရင်းကောက်ထားတာတော့ (၂၀၀)ကျော်လောက်ရှိတယ် ပြောတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံဘက်မှ နေရပ်ပြန် အမျိုးသား (၂၅)ဦးနှင့် အမျိုးသမီး (၂၅)ဦး၊ ပြစ်ဒဏ်စေ့ အမျိုးသား (၂၂)ဦးနှင့် အမျိုးသမီး (၄)ဦးကို လက်ခံထားခြင်းဖြစ်ပြီး အမျိုးသားများကို အောင်မြတ်ခန်းမ၌ လည်းကောင်း၊ အမျိုးသမီးများကို လုပ်ငန်းရှင်တစ်ဦးမှ ကူညီပေးထားသည့် အဆောက်အဦတွင် လည်းကောင်း အသီးသီး quarantine ထားရှိကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမည်ဖြစ်သည်။

နေရပ်ပြန်လာသူများအား ကျန်းမာရေးဦးစီးဌာနက ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက နိုင်ငံသားစိစစ်လက်ခံခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက quarantine ထားရှိရန်စီစဉ်ပေးခြင်းနှင့် ရဲတပ်ဖွဲ့က လုံခြုံရေးရယူခြင်းတို့ကို ဆောင်ရွက်ပေးသည်ကို တွေ့ရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း ၊ ယမင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~