ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က တဆင့် တာချီလိတ်သို့ ရောက်လာသည့် မြန်မာနိုင်ငံသား (၇၆)ဦးတွင် Covid-19 ပိုးမတွေ့၍ နေရပ် အသီးသီးသို့ ပြန်ခွင့်ပြု

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က တဆင့် တာချီလိတ်သို့ ရောက်လာသည့် မြန်မာနိုင်ငံသား (၇၆)ဦးတွင် Covid-19 ပိုးမတွေ့၍ နေရပ် အသီးသီးသို့ ပြန်ခွင့်ပြု
ဇွန် 1, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က တဆင့် တာချီလိတ်သို့ ရောက်လာသည့် မြန်မာနိုင်ငံသား (၇၆)ဦးတွင် Covid-19 ပိုးမတွေ့၍ နေရပ် အသီးသီးသို့ ပြန်ခွင့်ပြု

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်သို့ မယ်ဆိုင်မှ တဆင့်  မေလ(၂၉)ရက်နေ့က ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၇၆)ဦး၏ ဓါတ်ခွဲအဖြေမှာ Covid-19 ပိုးမတွေ့ကြောင်း အဖြေထွက်၍ ဇွန်လ(၁)ရက်နေ့တွင် နေရပ်ဒေသအသီးသီးသို့ ပြန်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

အဆိုပါ နေရပ်ပြန်များသည် သက်ဆိုင်ရာနေရပ်ဒေသအသီးသီး၌ (၂၁)ရက် Facility Quarantine ဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

သူတို့က ဒီရောဂါရဲ့ သဘေ ာသဘာဝကိုက ကူးပြီးပြီးချင်း လက္ခဏာပြတာ မဟုတ်ဘူး။ ရောဂါပျိုးရက်ဆိုတာ ရှိတယ်။ ရောဂါပျိုးရက်ဆိုတာ ရောဂါပိုးကူးစက်ခံရချိန်ကနေ ရောဂါလက္ခဏာပြတဲ့အချိန်ကိုပြောတာ။ နောက်တစ်ခုကတော့ ရောဂါပိုးစပြီး စစ်လို့ရတဲ့အချိန်။ ရောဂါပိုးစစ်ရင် ပိုးတွေ့မယ့်အချိန်က ရောဂါလက္ခဏာမပြခင် (၂)ရက်ကနေ ရောဂါလက္ခဏာပြပြီး တစ်ပတ်လို့ အကြမ်းဖျဉ်းသတ်မှတ်ကြတယ်။ အဲဒီအခါကျတော့ ရောဂါပိုးကဝင်တယ်။ လက္ခဏာက မပြသေးဘူး။ အဲဒီအချိန်မှာ ပိုးစစ်တယ်ဆိုရင် ပိုးတွေ့ချင်မှတွေ့မယ်။ တွေ့ချင်မှတွေ့မယ်။ တွေ့ချင်လည်း တွေ့နိုင်တယ်။ အဲဒီတော့ အခုစစ်တာက မတွေ့တာသည် တကယ်မတွေ့တာလည်း ဖြစ်နိုင်တယ်။ True Negative လို့ခေါ်တယ်။ နောက် False Negative ပေါ့ ရှိနေပါရဲ့နဲ့ ပိုးမတွေ့တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် အကယ်၍များ False Negative များဖြစ်နေရင် သူများဆီကိုလည်း ကူးနိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ ရောဂါကာကွယ်ရေးမှာ ရောဂါပိုးရှိသော်လည်း ရောဂါပိုးစစ်ဆေးမတွေ့နိုင်သော ကာလတွေများ ဖြစ်နေရင် အခြားသူတွေကို ပျံ့ပွားမှာဖြစ်တဲ့အတွက် quarantine (၂၁)ရက် ဝင်ရတာဖြစ်တယ်။ သူတို့အခုတွေ့တဲ့ Negative သည် တကယ်ကို ခန္ဓာကိုယ်ထဲမှာ ပိုးမရှိဘူးလို့ (၁၀၀) ရာခိုင်နှုန်းပြောလို့ မရတဲ့အတွက် သေချာအောင် အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ထားတာဖြစ်တယ်ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူ (၃) လသားအရွယ် ကလေးငယ်အပါအဝင် (၄၈) ဦးနှင့် ပြစ်ဒဏ်စေ့၍ လွှဲပြောင်းပေးလာသူ (၂၈) ဦး စုစုပေါင်း (၇၆)ဦးကို မေလ (၂၉)ရက်နေ့၌ မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းပေးလာရာ တာချီလိတ်ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် ထားရှိပြီး ဓါတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဓာတ်ခွဲနမူနာများတွင် COVID 19 ပိုးမတွေ့ရကြောင်း ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းက  အဖြေရသဖြင့် COVID 19 ဓာတ်ခွဲစစ်ဆေးမှု ထောက်ခံချက်များနှင့်အတူ နေရပ်ဒေသအသီးသီးသို့ ပြန်ပို့လိုက်ပြီဖြစ်သည်။

နယ်စပ်ဝင်ပေါက်များမှလာသည့် နေရပ်ပြန်များမှ COVID 19 ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် နေရပ်ပြန်များအား နယ်စပ်မြို့ရှိ facility quarantine center တွင် ယာယီထားကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးပြီး ပိုးမတွေ့မှ နေရပ်ဒေသများသို့ ပြန်ပို့ကာ (၂၁)ရက် quarantine ဝင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလကုန်မှစ၍ ပြောင်းလဲဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - စိုင်းအောင်ဝင်းမိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~