တာချီလိတ်မြို့က Covid-19 ပိုးမတွေ့ (၇၆)ဦးကို နေရပ်အသီးသီးသို့ ပြန်ခွင့်ပြု

တာချီလိတ်မြို့က Covid-19 ပိုးမတွေ့ (၇၆)ဦးကို နေရပ်အသီးသီးသို့ ပြန်ခွင့်ပြု
ဇွန် 1, 2020
By Tachileik News Agency
တာချီလိတ်မြို့က Covid-19 ပိုးမတွေ့ (၇၆)ဦးကို နေရပ်အသီးသီးသို့ ပြန်ခွင့်ပြု
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ကို  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က တဆင့်  မေလ(၂၉)ရက်နေ့က ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား (၇၆)ဦးရဲ့ ဓါတ်ခွဲအဖြေမှာ Covid-19 ပိုးမတွေ့ကြောင်း ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းက အဖြေထွက်တဲ့ အတွက်ကြောင့်မို့ သူတို့ကို နေရပ်အဒေသ အသီးသီးကို ဇွန်လ(၁)ရက်နေ့ နေ့လည်ပိုင်းက ပြန်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ 

မယ်ဆိုင်ဘက်က လာတဲ့ နေရပ်ပြန်မြန်မာနိုင်ငံသား (၄၈)ဦး နဲ့ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၂၈)ဦး စုစုပေါင်း (၇၆)ဦးမှာ ကိုဗစ်နိုင်တီးပိုးရှိမရှိ စစ်ဆေးရန်အတွက် တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာမှာ ဖွင့်လှစ်ထားရှိတဲ့  Facility Quarantine စင်တာမှာ ရက်တိုသတ်မှတ်ထားပြီး ဓါတ်ခွဲနမူနာ ရယူကာ ဓါတ်ခွဲစစ်ဆေးပြီးနောက် သူတို့မှာ ပိုးမတွေ့ရလို့   ရက်တို Quarantineအဖြစ် ထားရှိတဲ့ (၄)မြောက်နေ့မှာတော့ နေရပ်ကို ပြန်ခွင့်ပေးလိုက်တာဖြစ်ပြီး သူတို့ရဲ့ ဒေသကို ရောက်ရင်တော့ Facility Quarantine ၂၁ရက် ဆက်လက်နေရမှာ ဖြစ်ပါတယ်။၊

ဓာတ်ခွဲနမူနာများမှာ COVID 19 ပိုးမတွေ့ရကြောင်း ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းက  အဖြေရတဲ့အတွက်ကြောင့်မို့ နေရပ်ပြန်မဲ့ သူတို့အတွက် ကျန်းမာရေး နဲ့ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လက်မှတ်ထိုးပြီး   COVID 19 ဓာတ်ခွဲစစ်ဆေးမှု ထောက်ခံစာများ ထုတ်ပေးရာ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များက တစ်ယောက်ချင်းစီအလိုက် ပေးအပ်ခဲ့ကြပါတယ်။၊

နယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့ကို လာအိုနိုင်ငံ နဲ့ ထိုင်းနိုင်ငံက ပြန်လာသူ မြန်မာနိုင်ငံသားအားလုံးမှာ Covid-19 ပိုး ရှိ မရှိ စစ်ဆေးသွားမှာ ဖြစ်တဲ့အတွက်    facility quarantine center မှာ (၄-၅)ရက် ယာယီထားပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးမှုတွေ လုပ်တဲ့အခါမှာ ပိုးမတွေ့ရရင်တော့ နေရပ်ဒေသကို (၂၄)နာရီအတွင်း ပြန်ခွင့်ပေးမှာ ဖြစ်ပါတယ်။

 Tachileik News Agency
တင်ဆက် - ကိုဇောင်း
ရိုက်ကူး - စိုင်းအောင်ဝင်းမိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~