တာချီလိတ်တွင် နေရပ်ပြန် (၉၃) ဦး၏ဓာတ်ခွဲအဖြေကို စောင့်နေဆဲဖြစ်ပြီး နောက်ထပ် နေရပ်ပြန် (၇၀)ကျော် ကို လက်ခံရန် ပြင်ဆင်နေ

တာချီလိတ်တွင် နေရပ်ပြန် (၉၃) ဦး၏ဓာတ်ခွဲအဖြေကို စောင့်နေဆဲဖြစ်ပြီး နောက်ထပ် နေရပ်ပြန် (၇၀)ကျော် ကို လက်ခံရန် ပြင်ဆင်နေ
ဇွန် 5, 2020
By Tachileik News Agency
တာချီလိတ်တွင် နေရပ်ပြန် (၉၃) ဦး၏ဓာတ်ခွဲအဖြေကို စောင့်နေဆဲဖြစ်ပြီး နောက်ထပ် နေရပ်ပြန် (၇၀)ကျော် ကို လက်ခံရန် ပြင်ဆင်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၉၃) ဦး၏ COVID 19  ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေသည့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့တွင် နောက်ထပ် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၇၅)ဦးကို ထပ်မံလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အခု မိုးကုတ်ရိပ်သာက (၉၃)ယောက်က ဓာတ်ခွဲအဖြေမရသေးတော့ စောင့်ဆိုင်းနေဆဲဆိုတော့ ဒီနေ့ တစ်ညလောက်တော့ ဆက်ထားရဦးမယ်။ ဒီနေ့ ထပ်ဝင်လာမယ့် (၇၅)ယောက်ကိုတော့ အောင်မြတ်ခန်းမမှာ ထားမှာပါ

ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၆၀)နှင့် ပြစ်ဒဏ်စေ့၍ ပြန်လွှဲသူ (၃၂)ဦးကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့က လက်ခံထားပြီး မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် အသွားအလာကန့်သတ်ကာ COVID 19 ဓာတ်ခွဲစစ်ဆေးထားခြင်းဖြစ်သည်။

ယနေ့ ဇွန်လ(၅)ရက်နေ့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ပြန်လာမည့် မြန်မာနိုင်ငံသား (၇၀)ကျော်ကို မယ်ဆိုင်မြို့ရှိ ဓမ္မစကူလ်းကျောင်းတော်တွင် လူစုကာ လူဦးရေ စိစစ်ခြင်းများ ပြုလုပ်နေပြီး နေ့လည်ပိုင်းတွင် တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားတွင် လက်ခံပေးနိုင်ရန် ပြင်ဆင်နေလျက်ရှိသည်။

မယ်ဆိုင်ဘက်က ရောက်ရှိလာမည့် မြန်မာနိုင်ငံသား (၇၀)ကျော်ကို အောင်မြတ်ခန်းမတွင် ယာယီထားရှိရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြင်ဆင်နေလျက်ရှိသည်။

လက်ရှိတွင် မိုးကုတ်တရားရိပ်သာ facility quarantine center တွင် လူဦးရေ (၉၀)ကျော်ရှိနေပြီး ၎င်းတို့သည် covid-19 အဖြေစောင့်နေဆဲဖြစ်၍ ၎င်းတို့ ပြန်သွားပြီးမှ ယနေ့ရောက်ရှိလာမည့် (၇၀)ကျော်ကို ပြောင်းရွှေ့ထားမည် ဖြစ်ကြောင်း သိရှိရသည်။

နယ်စပ်မှနေရပ်ပြန်များကို နယ်စပ်မြို့တွင် ယာယီအသွားအလာကန့်သတ်ကာ COVID 19 ဓာတ်ခွဲစစ်ဆေးပြီးမှ နေရပ်ဒေသ အသီးသီးတွင် (၂၁)ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားခြင်းဖြစ်သည်။

  Tachileik News Agency
ဓါတ်ပုံ - ဦးထွန်း(မယ်ဆိုင်)၊ မြို့နယ်ထွေ/အုပ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~