ဇွန်လကုန်က စပြီး လူတစ်ဦးလျှင် အော်ပရေတာတစ်ခုစီမှ SIM Card နှစ်ခုစီသာ ဝယ်ယူခွင့်ရမည်

ဇွန်လကုန်က စပြီး လူတစ်ဦးလျှင် အော်ပရေတာတစ်ခုစီမှ SIM Card နှစ်ခုစီသာ ဝယ်ယူခွင့်ရမည်
ဇွန် 28, 2020
By Tachileik News Agency
ဇွန်လကုန်က စပြီး တစ်ဦးလျှင် အော်ပရေတာတစ်ခုစီမှ SIM Card နှစ်ခုစီသာ ဝယ်ယူခွင့်ရမည်

မြန်မာနိုင်ငံတွင် တရားဝင်လုပ်ကိုင်ခွင့်ရရှိထားသည့် မိုဘိုင်းအော်ပရေတာ (၄) ခုမှ SIM Card များကို ၂၀၂၀ ခုနှစ် ဇူလိုင်လမှစတင်ပြီး ဝယ်ယူသူများအနေဖြင့် မိမိတို့ မှတ်ပုံတင်များနှင့် တရားဝင်မှတ်ပုံတင်ပြီးမှသာ ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပြီး အော်ပရေတာတစ်ခုစီတွင် Sim Card နှစ်ခုစီကိုသာ ဝယ်ခွင့်ရမည်ဖြစ်သည်။

ယခင်က ဖုန်း SIM Card များကို မှတ်ပုံတင်ဖြင့် ဝယ်ယူရမည်ဟု သတ်မှတ်ထားသော်လည်း အရေအတွက် ကန့်သတ်ထားခြင်းမရှိသဖြင့် အရောင်းဆိုင်များက အခြားလူ၏ မှတ်ပုံတင်နံပါတ်ဖြင့် ကြိုတင်မှတ်ပုံတင်ထားပြီးသား  SIM Card များကို ဈေးကွက်အတွင်း ပြန်လည်ရောင်းချခဲ့ကြခြင်းဖြစ်သည်။

ကျွန်တော်တို့က နောက်ပိုင်း SIM Card တွေဝယ်တယ်ဆိုရင် မှတ်ပုံတင်ပြပြီးတော့မှ မှတ်ပုံတင်မှသာ အဲဒီ Card ပွင့်မယ်။ မှတ်ပုံတင်ပြီးသားတွေ ရောင်းလို့လည်းမရတော့ဘူး။ တစ်ဦးကိုလည်း အော်ပရေတာ တစ်ခုကို နှစ်ခုစီ မှတ်ပုံတင်လို့ရမယ်ဆိုတာ သတ်မှတ်ထားပြီးသား။ အဲဒီအတိုင်းစိစစ်ပြီးမှ နိုင်ငံတော်က ဆောင်ရွက်သွားမှာပါ့

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  ပြည်နယ်မန်နေဂျာ ဦးသိန်းဌေးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၂၇)ရက်နေ့တွင် ပြောသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ ဇူလိုင်လဆန်းမှစပြီး ဖုန်း SIM Card များကို သုံးစွဲသူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကဒ် (နိုင်ငံသား/ ဧည့်နိုင်ငံသား/ နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား)၊ Passport စသည့် ကိုယ်ရေးအချက်အလက်များဖြင့် ပြန်လည်မှတ်ပုံတင်ထားခြင်းမရှိပါက အဆိုပါ SIM Card များကို အသုံးပြု၍ ရတော့မည်မဟုတ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~