နေ့ပိုင်း ဆိုင်ကယ်မီးဖွင့်မောင်းရန် အပါအဝင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ သစ် နှင့် ပတ်သက်၍ ကျိုင်းတုံမြို့တွင် အသိပညာပေးကာ လက်ကမ်းစာရွက်များ ဖြန့်ဝေ

နေ့ပိုင်း ဆိုင်ကယ်မီးဖွင့်မောင်းရန် အပါအဝင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ သစ် နှင့် ပတ်သက်၍ ကျိုင်းတုံမြို့တွင် အသိပညာပေးကာ လက်ကမ်းစာရွက်များ ဖြန့်ဝေ
ဇွန် 8, 2020
By Tachileik News Agency

နေ့ပိုင်း ဆိုင်ကယ်မီးဖွင့်မောင်းရန် အပါအဝင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ သစ် နှင့် ပတ်သက်၍ ကျိုင်းတုံမြို့တွင် အသိပညာပေးကာ လက်ကမ်းစာရွက်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ (၂၀၂၀) နှင့် ပတ်သက်၍ ကား/ဆိုင်ကယ်မောင်းသူများ နှင့် ယာဉ်နောက် လိုက်ပါလာသူများ ပိုမိုသိရှိနားလည်ရန်အတွက် အသိပညာပေးကာ လက်ကမ်းစာစောင်များကို ၂၀၂၀ခုနှစ် ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့)မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ညီညီလှိုင် ဦးစီးသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ စစ်ဆေးရေးမှူး(၂) ဦးအောင်မိုး နှင့် ဝန်ထမ်းများ၊   ယကက အပါအဝင် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းကာ ကျိုင်းတုံမြို့ရှိ ကျောက်တိုင်အဝိုင်းတွင် အသိပညာပေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြခြင်း ဖြစ်သည်။

အသိပညာစာစောင်များ ဖြန့်ဝေးပြီး မော်တော်ဆိုင်ကယ်များကို မောင်းနင်သည့်အခါ နေ့‌ေရာ ညပါ ရှေ့မီးဖွင့်ကာ မောင်းရမည်ဖြစ်ကြောင်း ထပ်လောင်းအသိပေးပြောကြားကြသည်။

အသစ်ပြင်ဆင်ပြဌာန်းလိုက်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ (၂၀၂၀)တွင် ဆိုင်ကယ်ကို နေ့ပိုင်းမောင်းနင်လျှင် ရှေ့မီးအနိမ့်မဖွင့်ပါက ဒဏ်ငွေကျပ်(၃၀,၀၀၀)အထိ ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည့် အတွက် လတ်တလောတွင် သက်ဆိုင်ရာများမှ အသိပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - SBKK


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~