Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

တာချီလိတ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ (၁၅၀၀၀)ကျပ်စီ ဇူလိုင် (၁)ရက်နေ့တွင် ပေးအပ်မည်

တာချီလိတ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ (၁၅၀၀၀)ကျပ်စီ ဇူလိုင် (၁)ရက်န...


တာချီလိတ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ (၁၅၀၀၀)ကျပ်စီ ဇူလိုင် (၁)ရက်နေ့တွင် ပေးအပ်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၂,၇၆၆)စု အတွက် နိုင်ငံတော်မှထောက်ပံ့သည့် ငွေကျပ် (၁၅,၀၀၀) စီကို ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်ထောက်ပံ့တာက ပထမအကြိမ် အိမ်ထောင်စု (၂,၈၅၀) ကို အခြေခံစားကုန်ထောက်ပံ့တုန်းက မပါခဲ့တဲ့၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တဲ့ အိမ်ထောင်စုတွေကို တစ်အိမ်ထောင်ကို ငွေ (၁၅,၀၀၀) စီထောက်ပံ့ပေးတာဖြစ်ပါတယ်။ တတိယအကြိမ်အတွက်လည်း တင်ပြထားပါတယ်
ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၃၀)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း တာလေမြို့နှင့် ကျိုင်းလပ်မြို့တို့မှ ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစားများအတွက် တစ်အိမ်ထောင်ငွေကျပ် (၁၅,၀၀၀) ထောက်ပံ့ပေးနိုင်ရန်အတွက် ဇွန်လ (၃၀) ရက်နေ့တွင် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ ငွေကြေးများပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

တတိယအကြိမ်အတွက်က ကိုယ်ကိုတိုင်လာပြီးစာရင်းပေးလို့လည်းရပါတယ်။ နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကောက်ယူထားတဲ့စာရင်းတွေလည်းရှိပါတယ်
ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

ဇူလိုင်လ(၁)ရက်နေ့တွင် တစ်ပြိုင်နက်ပေးအပ်နိုင်ရန်အတွက် တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ဇွန်လ(၃၀)ရက်နေ့တွင် ကြိုတင်၍ ခွဲဝေပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်ထောက်ပံ့မှုကိုယ်စား တာချီလိတ်မြို့မှ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အလှူရှင်များက အခြေခံစားသောက်ကုန်များ ထောက်ပံပေးအပ်ခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံတော်မှပံ့ပိုးသည့် ငွေကြေးကိုထပ်မံပေးအပ်ခဲ့ခြင်းဖြစ်သည်။ 


Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - မြို့နယ် ထွေ/အုပ်








~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~


Header Ad

//