တာချီလိတ်မြို့နယ်အတွင်း အိမ်ထောင်စု (၂၇၀၀)ကျော်ကို ကျပ်တစ်သောင်းခွဲစီ ထောက်ပံ့မည်

တာချီလိတ်မြို့နယ်အတွင်း အိမ်ထောင်စု (၂၇၀၀)ကျော်ကို ကျပ်တစ်သောင်းခွဲစီ ထောက်ပံ့မည်
ဇွန် 30, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း အိမ်ထောင်စု (၂၇၀၀)ကျော်ကို ကျပ်တစ်သောင်းခွဲစီ ထောက်ပံ့မည်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းထဲက အခြေခံလူတန်းစားများအတွက်  တစ်အိမ်ထောင်စုကို ငွေကျပ် (၁၅,၀၀၀)နှုန်းနဲ့  နိုင်ငံတော်ကနေပြီးတော့ ပံ့ပိုးထောက်ပံ့ပေးတဲ့ ငွေတွေကို ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှာ  အိမ်ထောင်စုပေါင်း (၂,၇၆၆) စုကို ပေးအပ်သွားမှာဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောကြားလိုက်ပါတယ်။

နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းထဲက အခြေခံလူတန်းစားများအတွက် Covid-19 ကာလအတွင်း အခြေခံစားသောက်ကုန်များကို နိုင်ငံတော်ကိုယ်စား တာချီလိတ်မြို့မှ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနဲ့ အလှူရှင်များက လှူဒါန်းပေးအပ်ခဲ့ပြီးနောက်မှာတော့ အခု ဒုတိယအကြိမ်အဖြစ် နိုင်ငံတော်က ငွေကြေးပံ့ပိုးပေးခြင်းဖြစ်ပါတယ်

  Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~