ပြည်ပမှ အရက်များကို ရန်ကုန်ဆိပ်ကမ်းနှင့် လေဆိပ်မှ တရားဝင် တင်သွင်းခွင့် ပြုလိုက်ပြီ

ပြည်ပမှ အရက်များကို ရန်ကုန်ဆိပ်ကမ်းနှင့် လေဆိပ်မှ တရားဝင် တင်သွင်းခွင့် ပြုလိုက်ပြီ
မေ 25, 2020
By Tachileik News Agency

ပြည်ပမှ အရက်များကို ရန်ကုန်ဆိပ်ကမ်းနှင့် လေဆိပ်မှ တရားဝင် တင်သွင်းခွင့် ပြုလိုက်ပြီ

ပြည်ပမှ တင်သွင်းခွင့် မပြုသော ကုန်ပစ္စည်းများစာရင်းမှ အရက်ကို ပယ်ဖျက်လိုက်ပြီး တင်သွင်းခွင့်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ၂၀၂၀ ခုနှစ်၊ မေလ (၂၅)ရက်နေ့၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခင်က ပြည်ပမှတင်သွင်းခွင့်မပြုသော ကုန်ပစ္စည်းများစာရင်းတွင် အရက်၊ ဘီယာ၊ စီးကရက်နှင့် တည်ဆဲဥပဒေအရ ကန့်သတ်ထားမြစ်ထားသည့် ကုန်ပစ္စည်းများကို ထည့်သွင်းထားရာမှ မေလ (၂၅) ရက်နေ့တွင် အရက်ကို တင်ပို့ခွင့် မပြုကန့်သတ်ထားသည့် စာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ပြည်ပမှ အရက်တင်သွင်းခြင်းကို  တင်သွင်းခွင့် အချက်အလက်များနှင့် ကိုက်ညီသည့်  မြန်မာကုမ္ပဏီများက ယမကာတင်သွင်းခွင့် မှတ်ပုံတင်လက်မှတ်နှင့် သွင်းကုန်လိုင်စင်လျှောက်ထား လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။

အရက်တင်သွင်းခြင်းကို ရန်ကုန်ဆိပ်ကမ်းနှင့် ရန်ကုန်လေဆိပ်မှသာ တင်သွင်းခွင့်ပြုထားခြင်းဖြစ်ပြီး တင်သွင်းခွင့်ရ ကုမ္ပဏီက သတ်မှတ်ထားသည့် အခွန်အခများပေးဆောင်ပြီး အရက်ပုလင်းတွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဖြန့်ဖြူးရမည်ဖြစ်သည်။

လက်ရှိအချိန်ထိ ပြည်ပမှတင်သွင်းခွင့်မပြုသော ကုန်ပစ္စည်းများစာရင်းတွင် ဘီယာ၊ စီးကရက်နှင့် တည်ဆဲဥပဒေအရ ကန့်သတ်ထားမြစ်ထားသည့် ကုန်ပစ္စည်းများကျန်ရှိနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~