မွေးစမှ တစ်နှစ်ခွဲကလေးများနှင့် ကာကွယ်ဆေးမထိုးလိုက်ရသည့်ကလေးငယ်များကို ဆေးရုံဟောင်းရှိ ကျောင်းကျန်းမာရေးဌာနတွင် မေလ (၂၉)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနေ

မွေးစမှ တစ်နှစ်ခွဲကလေးများနှင့် ကာကွယ်ဆေးမထိုးလိုက်ရသည့်ကလေးငယ်များကို ဆေးရုံဟောင်းရှိ ကျောင်းကျန်းမာရေးဌာနတွင် မေလ (၂၉)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနေ
မေ 18, 2020
By 🌸

မွေးစမှ တစ်နှစ်ခွဲကလေးများနှင့် ကာကွယ်ဆေးမထိုးလိုက်ရသည့်ကလေးငယ်များကို ဆေးရုံဟောင်းရှိ ကျောင်းကျန်းမာရေးဌာနတွင် မေလ (၂၉)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မွေးစမှ အသက် (၁)နှစ်ခွဲအထိကလေးငယ်များနှင့် COVID 19 ကြောင့် ကာကွယ်ဆေးမထိုးလိုက်ရသည့် ကလေးငယ်များကို ဆေးရုံဟောင်းဝန်းအတွင်းရှိ  ကျောင်းကျန်းမာရေးဌာနတွင် ၂၀၂၀ ခုနှစ်၊ မေလ (၁၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ ထိုးနှံပေးနေရာ မိမိတို့ရပ်ကွက်အလှည့်ကျသည့်နေ့များတွင် သွားရောက်ထိုးနှံနိုင်မည်ဖြစ်သည်။

“မွေးစကနေ အသက် (၁)နှစ်ခွဲအထိကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ် လုပ်ပေးနေတာပါ။ အဲဒီဇယားမှာပါတဲ့ (၉)နှစ်နဲ့ (၁၀)နှစ်ကတော့ အခုမပါသေးဘူး။ နောက် လွန်ခဲ့တဲ့ COVID 19 ကာလမတိုင်ခင်က ထိုးရမှာကို မထိုးလိုက်ရသေးတဲ့ကလေးတွေလည်း ပြန်ထိုးရမယ်”

ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကာကွယ်ဆေးထိုးရာတွင် Covid-19 ရောဂါကူးစက်ခံရခြင်းမရှိစေရေး စီမံဆောင်ရွက်နိုင်ရန်အတွက် တစ်နေ့လျှင်  ကလေးငယ် (၅၀)ဦးစီကိုသာ ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးမည့်နေရာလာမည့် ကလေးမိဘ/အုပ်ထိန်းသူအနေဖြင့် Mask တပ်ဆင်ထားရန်၊ ကာကွယ်ဆေးထိုးမည့်ကလေးကိုလည်း Mask တပ်ဆင်ခြင်း၊ မျက်နှာအကာတပ်ဆင်ပေးခြင်းများ ပြုလုပ်ထားရန်နှင့် လိုက်နာခြင်းမရှိပါက ကာကွယ်ဆေးထိုးမည့်နေရာသို့ ဝင်ရောက်ခွင့်မပြုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးထားသည်။

ယင်းအပြင် ကာကွယ်ဆေးထိုးမည့်ကလေး သို့မဟုတ် မိသားစုအတွင်း ဖျားနာနေခြင်း သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိပါက ကာကွယ်ဆေးမထိုးသေးဘဲ ပြန်လည်ကျန်းမာလာချိန်မှ ကျန်းမာရေးဌာနသို့ ဆက်သွယ်မေးမြန်း ပြန်လည်ထိုးနှံကြရန် တိုက်တွန်းထားသည်။

ကာကွယ်ဆေးထိုးသည့်နေရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ကလေးနှင့် ကလေးမိဘ/ အုပ်ထိန်းသူ တစ်ဦးကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ဆေးရုံဟောင်းဝန်းအတွင်းရှိ ကျောင်းကျန်းမာရေးဌာနတွင် နေ့စဉ် နံနက်(၉)နာရီက နေ့လယ် (၁၂)နာရီအထိ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးသည့်နေရာသို့ အထက(တာချီလိတ်)ကျောင်းရှေ့ နှင်းဆီလမ်းကြားမှဝင်ရောက်နိုင်သည့်အပြင် ဖုန်း ၀၉၄ ၅၂၂ ၁၀၃၃၀ နှင့် ၀၉၂ ၅၃၅ ၂၅၀၇၇ တို့သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်မည့်နေ့များကို ရပ်ကွက်များအလိုက် သတ်မှတ်ပေးထားရာ မေလ (၁၈)ရက်နေ့၌ ပုန်းထွန်ရပ်ကွက်၊ မေလ (၁၉)ရက်နေ့၌ တာလော့ရပ်ကွက်၊ မေလ (၂၀)ရက်နေ့၌ ဝမ်ကောင်းရပ်ကွက်၊ မေလ (၂၁)ရက်နေ့၌ မကာဟိုခမ်းရပ်ကွက်၊ မေလ (၂၂)ရက်နေ့၌ ဆန်ဆိုင်း(က)ရပ်ကွက်၊ မေလ (၂၅)ရက်နေ့၌ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မေလ (၂၆)ရက်နေ့၌ မယ်ခေါင်ရပ်ကွက်၊ မေလ (၂၇)ရက်နေ့၌ ရန်အောင်မြေ(ပါလျံ)ရပ်ကွက်၊ မေလ (၂၈)ရက်နေ့၌ ဝိန်းကျောက်ရပ်ကွက်နှင့် မေလ (၂၉)ရက်နေ့၌ ပါဆတ်နှင့် ဆေခမ်းရပ်ကွက်တို့မှ ကလေးငယ်များ ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ကြမည်ဖြစ်သည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို COVID 19 ကာကွယ်ရေးအစီအစဉ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~