ကယားပြည်နယ် လွိုင်ကော်မြို့ ကယားဒေးကွင်းအနီးရှိ ကန္နရီ ကိန္နရာရုပ်တုတွင် mask တပ်ဆင်သွား၍ ပြန်ဖြုတ်

ကယားပြည်နယ် လွိုင်ကော်မြို့ ကယားဒေးကွင်းအနီးရှိ ကန္နရီ ကိန္နရာရုပ်တုတွင် mask တပ်ဆင်သွား၍ ပြန်ဖြုတ်
မေ 24, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့ ကယားဒေးကွင်းအနီးရှိ ကန္နရီ ကိန္နရာရုပ်တုတွင် mask တပ်ဆင်သွား၍ ပြန်ဖြုတ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကယားဒေးကွင်းအနီးရှိ ကိန္နရီကိန္နရာ မောင်နှံရုပ်တုတွင် ၂၀၂၀ ခုနှစ်၊ မေလ (၂၄) ရက်နေ့ နေ့လယ်ပိုင်းက mask များ လာရောက်တပ်ဆင်ပေးထားပြီး  ညနေပိုင်းတွင် ပြန်လည်ဖယ်ရှားပေးသွားသည်ကို တွေ့ရသည်။

ရုပ်ထုများတွင် mask လာတပ်ခြင်းကို စည်ပင်သာယာရေးဌာနအနေဖြင့် သိရှိခြင်းမရှိကြောင်း သိရသည်။

" အဲဒါကတော့ ဘယ်သူတွေသွားတပ်ထားလည်းမသိဘူးပေ့ါနော်။ ခဏနေ သွားကြည့်လိုက်ပါမယ်။ မသင့်တော်ဘူးဆိုရင်လည်း ပြန်ဖြုတ်ရမှာပေါ့။ ကျွန်တော့်အမြင်အရဆို တပ်တဲ့သူတွေကလည်း လူတွေတောင်မဟုတ်ဘူး။ အရုပ်တောင် mask တပ်ရတယ်ဆိုတဲ့ပုံစံ ပညာပေးတဲ့သဘောမျိုး ဖြစ်ပါလိမ့်မယ်။ သို့သော်လည်းပဲ သက်မဲ့အရုပ်ဖြစ်တဲ့အတွက်ကြောင့် ခနနေသွားကြည့်ပြီးရင် အမြင်မတော်ရင်လည်း ပြန်ဖြုတ်မှာပါ " ဟု လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသန်းထွန်းက ပြောသည်။

သို့သော် ကယားဒေးကွင်းအနီး အဝိုင်းပတ်ရှိ ကိန္နရီ ကိန္နရာမောင်နှံ ရုပ်တုတွင် တပ်ဆင်ထားသည့် mask များကို ည (၆) နာရီကျော်ခန့်အချိန်တွင် ပြန်လည်ဖယ်ရှားထားသည်ကို တွေ့ရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ  - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~