မကွေးမြို့တွင် Mask Camping ဖြင့် နှာခေါင်းစည်း (၃၀၀၀) ကျော် အခမဲ့ဝေငှ

မကွေးမြို့တွင် Mask Camping ဖြင့် နှာခေါင်းစည်း (၃၀၀၀) ကျော် အခမဲ့ဝေငှ
မေ 20, 2020
By Tachileik News Agency
မကွေးမြို့တွင် Mask Camping ဖြင့် နှာခေါင်းစည်း (၃၀၀၀) ကျော် အခမဲ့ ဝေငှ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် Driving Myanmar Group က Mask Camping တစ်ရပ်ကို မကွေးမြို့ မြို့ပတ်လမ်းနှင့် နတ်မောက်လမ်းဆုံအနီး၌ ၂၀၂၀ ခုနှစ်၊ မေလ(၁၉)ရက်နေ့တွင် ပြုလုပ်ရာ Sagical Mask နှင့် အဝတ်နှာခေါင်းစည်း (၃)ထောင်ကျော် အခမဲ့ဝေငှပေးကြသည်။

ကျွန်တော်တို့ Driving Myanmar Group က COVID-19 နဲ့ပတ်သက်ပြီး အခုလို Mask Camping လုပ်တာက ဒါ ပထမဆုံးအကြိမ်ဆိုပေမဲ့ အရင်ကလည်း ဆေးဖြန်းတာတွေ ၊ ရေလှူတာတွေ  ဆောင်ရွက်ခဲ့ကြပါတယ်။ COVID-19 ကာကွယ်နိုင်ရေးအတွက် ပြည်သူတွေ Mask တပ်ဆင်ကြဖို့ နှိုးဆော်တဲ့ရည်ရွယ်ချက်နဲ့ အခုလို Mask Camping ပြုလုပ်ကြတာပါ

ဟု Driving Myanmar Group မှ ကိုဥက္ကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ Camping တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မကွေးမြို့ရှိ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်ကြပြီး ဆိုင်ကယ်စီးသူများနှင့် မော်တော်ယာဉ်ပေါ်လိုက်ပါသူများအား Mask အခမဲ့ ဝေငှခဲ့ပြီး ပညာရေးကောလိပ် Facality Quarantine သို့ Mask အခုရေ(၁၀၀)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ အခုရေ(၅၀)ပေးအပ်၍ ပညာစက္ကရာမ ကျောင်းတိုက်ရှိဆရာတော်များအား Maskနှင့်  နေ့ဆွမ်းဆက်ကပ်ခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် COVID 19 အတည်ပြုလူနာ (၂)ယောက်တွေ့ရှိထားပြီး (၁)ဦးမှာ ပြန်လည်ကျန်းမာသွားပြီဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~