အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်း အပါအဝင် COVID 19 ထိန်းချုပ်ရေးကန့်သတ်ချက်များကို မေလကုန်အထိ တိုးမြှင့်သတ်မှတ်

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်း အပါအဝင် COVID 19 ထိန်းချုပ်ရေးကန့်သတ်ချက်များကို မေလကုန်အထိ တိုးမြှင့်သတ်မှတ်
မေ 15, 2020
By Tachileik News Agency

အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းအပါအဝင် COVID 19 ထိန်းချုပ်ရေးကန့်သတ်ချက်များကို မေလကုန်အထိ တိုးမြှင့်သတ်မှတ်

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်း ကာလအပါအဝင် COVID 19 ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် တားမြစ်ချက်များကို ၂၀၂၀ ခုနှစ်၊ မေလ (၃၁) ရက်နေ့အထိ ထပ်မံ တိုးမြှင့်လိုက်ပြီဖြစ်သည်။

နိုင်ငံအတွင်း COVID 19 ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့် ပြည်သူသို့ပန်ကြားချက်အားလုံး၏ သက်တမ်းကို မေလ (၁၅)ရက်မှ မေလ (၃၁)ရက်နေ့အထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကန့်သတ်ကာလထပ်တိုးသည့်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကို မေလ (၃၁)ရက်နေ့အထိ ထပ်မံတိုးမြှင့်ကြောင်း မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သော်လည်း ပြည်တွင်းခရီးစဉ်များအား လေကြောင်းလိုင်းအချို့မှ ပုံမှန်အတိုင်း ပြေးဆွဲပေးနေကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~