လွိုင်ကော်မြို့တွင် လေပြင်းတိုက်မိုးသည်းထန်၍ သစ်ပင်များလဲကာ မူလတန်းလွန်ကျောင်းတစ်ကျောင်း ပျက်စီး

လွိုင်ကော်မြို့တွင် လေပြင်းတိုက်မိုးသည်းထန်၍ သစ်ပင်များလဲကာ မူလတန်းလွန်ကျောင်းတစ်ကျောင်း ပျက်စီး
မေ 11, 2020
By 🌸
လွိုင်ကော်မြို့တွင် လေပြင်းတိုက်မိုးသည်းထန်၍ သစ်ပင်များလဲကာ မူလတန်းလွန်ကျောင်းတစ်ကျောင်း ပျက်စီး

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မေလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်၍ သစ်ပင်များလဲပြိုကာ မူလတန်းလွန်ကျောင်း တစ်ကျောင်း၏ စာသင်ကျောင်းဆောင်အမိုးနှင့် မျက်နှာကျက်များ ပြိုကျပျက်စီးသွားသည်။

" မိုးရော လေရော တအားကြီးတော့ ကျောင်းဆောင်က သွပ်တွေက အကုန်အုံလိုက်ကျွတ်ထွက်ပြီး လွင့်သွားတာ။ ကျောင်းနားက အိမ်ပေါ်သွားကျတာပေါ့။ မျက်နှာကျက်လည်း ပြိုကျကုန်တယ် " 

ဟု ထူဒူငံသကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်မှုကြောင့် လွိုင်ကော်မြို့ ပန်ကန်းကျေးရွာအုပ်စု ၊ ထူဒူငံကျေးရွာရှိ  မူလတန်းလွန်ကျောင်း၏ စာသင်ဆောင် အမိုးများနှင့် မျက်နှာကျက်များ ပြိုကျပျက်စီးသွားကာ လမ်းမကြီးအချို့နှင့် ဘာသာရေးအဆောက်အအုံအချို့တွင်လည်း သစ်ပင်ကြီးများ လဲကျပိတ်ဆို့ခဲ့ကြောင်း သိရသည်။

လဲကျသွားသည့် သစ်ပင်များကို ဒေသခံများ၊ ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်မတော် တပ်ရင်းဝန်ထမ်းများက စုပေါင်းဖယ်ရှား ရှင်းလင်းကြသည်ကို တွေ့ရသည်။

လွိုင်ကော်မြို့တွင် မေလ (၁၀)ရက်နေ့ကလည်း မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် လွိုင်ကော်မြို့ပေါ်လမ်းမကြီးများပေါ်တွင် သစ်ပင်ကြီးများလဲကျကာ နေအိမ် (၁၇)လုံးခန့် အမိုးလန်ပျက်စီးခဲ့ခြင်းဖြစ်သည်။

သတင်း -ဆန်းဖြိုးထွန်း
Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~