အထူးဒေသ(၄)ဘက်မှ မြန်မာလုပ်သား (၁၀၈)ဦး နေရပ်ပြန်ရန် မိုင်းယုမြို့မှတဆင့် ဝင်ရောက်

အထူးဒေသ(၄)ဘက်မှ မြန်မာလုပ်သား (၁၀၈)ဦး နေရပ်ပြန်ရန် မိုင်းယုမြို့မှတဆင့် ဝင်ရောက်
မေ 23, 2020
By Tachileik News Agency

အထူးဒေသ(၄)ဘက်မှ မြန်မာလုပ်သား (၁၀၈)ဦး နေရပ်ပြန်ရန် မိုင်းယုမြို့မှတဆင့် ဝင်ရောက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းထဲက နယ်စပ်ဒေသ မိုင်းယုမြို့ဘက်ကို အထူးဒေသ(၄)၊ နမ့်ပန်းဒေသမှာ  Quarantine (၂၁) ရက် စောင့်ကြည့်နေထိုင်ခဲ့ပြီးဖြစ်တဲ့ နေရပ်ပြန် မြန်မာအလုပ်သမား (၁၀၈)ဦးကို လာရောက်ပို့ဆောင်ပေးတဲ့အတွက် (၄)ကြိမ်မြောက်အတွင်းမှာ အဲ့ဒီဖက်က ပြန်လာသူ စုစုပေါင်းဟာ (၁၅၀၀)ကျော်ရှိပြီ ဖြစ်ပါတယ်။
မိုင်းယုကနေ ဝင်ရောက်လာမှု (၄)ကြိမ်မြောက်အဖြစ် ၂၀၂၀ခုနှစ် မေလ(၂၃)ရက်နေ့ နံနက်ပိုင်းက မြန်မာအလုပ်သား(၁၀၈)ဦးကို အထူးဒေသ(၄)မိုင်းပန်ဒေသရဲ့ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအိုက်ဆမ်မွန်း နဲ့ အဖွဲ့က လာရောက်လွှဲပြောင်းပေးတဲ့အခါမှာ ဒီဖက်က မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း နဲ့ သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုလက်ခံပေးခဲ့ကြပါတယ်၊
ဒီနေ့ ပြန်လာတဲ့ (၁၀၈)ဦးမှာ ကလေးငယ်များ အပါအဝင် အမျိုးသား(၃၈)ဦး နဲ့ အမျိုးသမီး(၇၀)တို့ပါဝင်ပြီး သူတို့ကို  ဒေသအသီးသီး ပြန်နိုင်ရန်အတွက် သက်ဆိုင်ရာများက ခရီးသယ်ယာဉ်များနဲ့ချိတ်ဆက်ဆောင်ရွက်ကာ ပို့ဆောင်ပေးစေပြီး လိုအပ်တာတွေကို ထောက်ပံ့ကူညီပေးလိုက်ကြောင်း သိရပါတယ်၊
ပြန်လာကြတဲ့သူတွေဟာ တရုတ်ပြည်မှာ ကျပန်းအလုပ် လုပ်ကိုင်ရာမှ ကိုဗစ်-၁၉ရောဂါအခြေအနေများကြောင့် နယ်စပ်ဒေသ မိုင်းယုမြို့ကို ၂၀၂၀ မေလ(၂၃)ရက်နေ့အထိ  ပြန်လည်ရောက်ရှိလာရာမှ စုစုပေါင်း (၁၅၁၈) ဦးအထိ ရှိနေပြီဖြစ်ပါတယ်၊
Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ကိုကိုနိုင်(မိုင်းယု)

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~