အများပြည်သူ သုံးစွဲရန် မသင့်သည့် အလှကုန်ပစ္စည်း (၁၇)မျိုးကို FDA ထုတ်ပြန်

အများပြည်သူ သုံးစွဲရန် မသင့်သည့် အလှကုန်ပစ္စည်း (၁၇)မျိုးကို FDA ထုတ်ပြန်
မေ 22, 2020
By Tachileik News Agency

တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေပြီး အများပြည်သူ သုံးစွဲရန် မသင့်သည့် အလှကုန်ပစ္စည်း (၁၇)မျိုးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ၂၀၂၀ခုနှစ် မေလ(၂၀)ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တွင် မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေသည့် အလှကုန်ပစ္စည်း(၁၇)မျိုးတွင် မြန်မာနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ တို့မှ ထုတ်လုပ်သည့် အလှကုန်ပစ္စည်းများ ပါဝင်သည်။

တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

အရောင်ဆိုးဆေးများသည် အဝတ်အထည်များ အရောင်ဆိုးရာတွင် အသုံးပြုုသော ဓါတုပစ္စည်းဖြစ်၍ ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း အသိပေးထားသည်။

အများပြည်သူ သုံးစွဲရန် မသင့်သည့် အလှကုန်နှင့် စားသုံးကုန် ပစ္စည်းများကို တားမြစ်ထားသည့် ကြားက တင်သွင်း၊ ဖြန့်ဖြူး ရောင်းချခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပုဒ်(၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~