မကွေးတိုင်းတွင် COVID 19 ကာကွယ်ရေးလုပ်ငန်းများကို နှောင့်ယှက်၍ နှစ်လကျော်ကာလအတွင်း အရေးယူရမှု (၄၀)ရှိနေ

မကွေးတိုင်းတွင် COVID 19 ကာကွယ်ရေးလုပ်ငန်းများကို နှောင့်ယှက်၍ နှစ်လကျော်ကာလအတွင်း အရေးယူရမှု (၄၀)ရှိနေ
မေ 18, 2020
By 🌸
မကွေးတိုင်းတွင် COVID 19 ကာကွယ်ရေးလုပ်ငန်းများကို နှောင့်ယှက်၍ နှစ်လကျော်ကာလအတွင်း အရေးယူရမှု (၄၀)ရှိနေ

မကွေးတိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေးဆောင်ရွက်ချက်များကို ၂၀၂၀ ခုနှစ်၊ မတ်လလယ်မှစ၍ မေလ (၁၈) ရက်နေ့အထိ ကူးစက်ရောဂါကာကွယ်ရေးဥပဒေနှင့် ဆက်စပ်ဥပဒေများဖြင့် အရေးယူရမှုများတွင် Quarantine မဝင်လို၍ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း မကွေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“တိုင်းအတွင်း မကွေး၊ နတ်မောက်၊ မြိုင်၊ ရေစကြို၊ ဂန့်ဂေါ၊ ကံမ မြို့နယ်များမှာ  ဖြစ်ပွားခဲ့လို့ ကူးစက်ရော ဂါကာကွယ်ရေးဥပဒေအရ အရေးယူခဲ့ရတာ(၉)မှုရှိပြီး ထောင် (၃) လကနေ (၆) လအထိ ပြစ်ဒဏ်အသီးသီးချခဲ့ ပြီးလည်းဖြစ်ပါတယ်။ Quarantine မဝင်ချင်ကြလို့ တာဝန်ဝတ္တရားနှောက်ယှက်တာ၊ ဆဲတာ၊ ရိုက်နှက်တာ၊ လက်နက်ကိုင်ဆောင်ခြိမ်းခြောက်တာတွေ ဖြစ်ကြတာများပါတယ်”

ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဝင်းရွှေကတာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆက်စပ်အမှုများအနေဖြင့် Facility Quarantine များ၌ ဆဲမှု၊ တာဝန်ဝတ္တရားနှောက်ယှက်မှု၊ ခိုးမှု၊ လက် နက်ကိုင်ဆောင်မှု စသည့် အမှုပေါင်း(၃၁)မှုရှိခဲ့ပြီး  အမိန့်ချပြီး(၅)မှု၊ တရားစွဲတင်ထားဆဲအမှု (၁၃)မှု၊ ဥပဒေ အကြံတောင်းတင်ထားဆဲအမှု (၁၁)မှု၊ ရဲစစ်ဆေးဆဲအမှု (၂)မှု ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများ အရ သိရသည်။

“နိုင်ငံတကာမှာ စိုးရိမ်ထိတ်လန့်ဖွယ်ရာ ဖြစ်နေတဲ့ COVID-19 နဲ့ပတ်သက်ပြီး ဝိုင်းဝန်း ကူညီတာ ပူးပေါင်း ဆောင်ရွက်တာမျိုး မဟုတ်ဘဲ အနှောက်အယှက်ပေးနေတာမျိုးက COVID ရောဂါကာကွယ်ထိန်းချုပိုင် ရေးအတွက် အရမ်းအန္တရာယ်ရှိပါတယ်။ စေတနာထားပြီး လုပ်နေကြတဲ့သူတွေမှာလည်း စိတ်ပျက်စရာ ဖြစ်စေပြီး စိုးရိမ်ထိတ်လန့်မှု ဖြစ်စေပါတယ်။ ပြည်သူလူထုအနေနဲ့ တာဝန်သိသိနဲ့ ဝိုင်းဝန်းမကူညီ နိုင်ရင်တောင် ဆောင်ရွက်ပေးနေသူတွေအပေါ် အနှောက်အယှက်မပေးခြင်းအားဖြင့် ကူညီကြစေချင်ပါ တယ်”

ဟု ဒုတိယ ရဲမှူးကြီးဝင်းရွှေက ပြောသည်။

မကွေးရဲတပ်ဖွဲ့အနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးကာလတွင် Quarantine ထားရှိရာနေရာများ နှင့် သွားလာမှုကန့်သတ်ထားသောနေရာများတွင် လှည့်ကင်း၊ ရပ်ကင်းများဖြင့် နေ့စဉ် နေ့ည မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-သန်းနိုင်ဦး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~