အာရပ်စော်ဘွားများနိုင်ငံမှပြန်လာသည့် တောင်ကြီးနှင့် ရန်ကုန်မှ အမျိုးသမီးနှစ်ဦးတွင် COVID 19 ပိုးတွေ့

အာရပ်စော်ဘွားများနိုင်ငံမှပြန်လာသည့် တောင်ကြီးနှင့် ရန်ကုန်မှ အမျိုးသမီးနှစ်ဦးတွင် COVID 19 ပိုးတွေ့
မေ 19, 2020
By 🌸
အာရပ်စော်ဘွားများနိုင်ငံမှပြန်လာသည့် တောင်ကြီးနှင့် ရန်ကုန်မှ အမျိုးသမီးနှစ်ဦးတွင် COVID 19 ပိုးတွေ့

အာရပ်စော်ဘွားများနိုင်ငံ (UAE)မှ ပြန်လာ၍ ရန်ကုန်တွင် အသွားအလာကန့်သတ်ထားသည့် တောင်ကြီးနှင့် ရန်ကုန်မှ အမျိုးသမီး (၂)ဦးကို ၂၀၂၀ ခုနှစ်၊ မေလ (၁၉)ရက်နေ့၌ အတည်ပြုလူနာအဖြစ် တေ့ွရသဖြင့် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၁၉၃)ဦး ရှိလာပြီဖြစ်သည်။

တောင်ကြီးမြို့မှ အသက် (၃၄)နှစ်အရွယ် အမျိုးသမီးနှင့် ရန်ကုန်မှ အသက် (၆၀) အမျိုးသမီးတို့ကို ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်၌ အသွားအလာကန့်သတ်ထားခြင်းဖြစ်ပြီး ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်းများ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၃) ဦး (Case- 34, 122 နှင့် 157) ရှိသဖြင့် မေလ (၁၉)ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၄) ဦးရှိသည့်အနက် (၉၁) ဦးအား ဆေးရုံမှ ဆင်းခွင့်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~