ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဓါတ်ခွဲပေးပို့ထားသူအားလုံးတွင် ပိုးမတွေ့ကြောင်း အဖြေရထားပြီး စောင့်ကြည့်လူနာ (၁)ဦး ထပ်တိုး

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဓါတ်ခွဲပေးပို့ထားသူအားလုံးတွင် ပိုးမတွေ့ကြောင်း အဖြေရထားပြီး စောင့်ကြည့်လူနာ (၁)ဦး ထပ်တိုး
မေ 16, 2020
By 🌸

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဓါတ်ခွဲပေးပို့ထားသူအားလုံးတွင် ပိုးမတွေ့ကြောင်း အဖြေရထားပြီး စောင့်ကြည့်လူနာ (၁)ဦး ထပ်တိုး

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၀၂၀ ခုနှစ်၊ မေလ (၁၆) ရက်နေ့၌ ကျိုင်းတုံပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာ (၁)ဦးသာရှိနေပြီး ဓါတ်ခွဲအဖြေပေးပို့ထားသည့် စောင့်ကြည့်လူနာ (၄)ဦးနှင့် Facilities Quarantine မှ (၃)ဦးတို့တွင် ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားသည်။

“ ဒီနေ့ ရှမ်းအရှေ့မှာ ကျိုင်းတုံက PUI (စောင့်ကြည့်လူနာ) တစ်ဦးပဲရှိတယ်။ ဓါတ်ခွဲနမူနာက နောက် တစ်ရက်၊ နှစ်ရက်လောက်နေမှ ပို့မယ်။ ကျန်တဲ့ဓါတ်ခွဲအဖြေအားလုံးကလည်း Negative ရထားတယ်”

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မေလ (၁၆)ရက်နေ့အထိ ကျိုင်းတုံပြည်သူ့ဆေးရုံ၌ COVID 19 စောင့်ကြည့်လူနာ (၁)ဦး၊ ဆေးကုသမှုခံယူနေသည့် အတည်ပြုလူနာ (Case 64) နှင့် အတည်ပြုလူနာ (Case 112) ၊ ဆေးရုံဆင်းရန်အတွက် (၁၄)ရက်စောင့်ကြည့်မှုအောက်တွင် ထားရှိသည့် အတည်ပြုလူနာ (Case 96) တို့ ရှိနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~