ရန်ကုန်မှ အတည်ပြုလူနာ (၂)ဦးထပ်တိုး၍ COVID-19 ကူးစက်ခံရသူ (၁၈၄)ဦးရှိ

ရန်ကုန်မှ အတည်ပြုလူနာ (၂)ဦးထပ်တိုး၍ COVID-19 ကူးစက်ခံရသူ (၁၈၄)ဦးရှိ
မေ 17, 2020
By Tachileik News Agency
ရန်ကုန်မှ အတည်ပြုလူနာ (၂)ဦးထပ်တိုး၍ COVID-19 ကူးစက်ခံရသူ (၁၈၄)ဦးရှိ

ရန်ကုန်မြို့မှ စောင့်ကြည့်လူနာ (၁)ဦးနှင့် မလေးရှားမှပြန်လာ၍ အသွားအလာကန့်သတ်ထားသူ (၁)ဦးတို့ကို ၂၀၂၀ ခုနှစ်၊ မေလ (၁၇)ရက်နေ့၌ အတည်ပြုလူနာအဖြစ် ဓါတ်ခွဲတွေ့ရသဖြင့် မြန်မာနိုင်ငံတွင် စုစုပေါင်း အတည်ပြုလူနာ (၁၈၄)ဦးရှိပြီဖြစ်သည်။

ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၀၀) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) ဓာတ်ခွဲနမူနာ (၁၈၆) ခု၊ စုစုပေါင်း (၃၈၆) ခုအား မေလ (၁၇)ရက်နေ့ ည (၈)နာရီက ပထမအသုတ်အဖြစ်စစ်ဆေးရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မေလ (၁၇)ရက်နေ့တွင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု၌ (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၂) ဦး (Case-146 နှင့် အမှတ် ၂ တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁,၀၀၀) မှ Case-156) ထပ်တိုးလာသဖြင့် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၉၇) ဦးရှိလာကာ ယင်းတို့အနက် (၈၄) ဦးမှာ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်ကြောင်း သိရသည်။

ယနေ့အချိန်ထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~