ချင်းပြည်နယ်တွင် အတည်ပြုလူနာ တစ်ဦးထပ်တိုး၍ မြန်မာနိုင်ငံအတွင်း covid-19 ကူးစက်ခံရသူ (၁၈၂)ဦးရှိ

ချင်းပြည်နယ်တွင် အတည်ပြုလူနာ တစ်ဦးထပ်တိုး၍ မြန်မာနိုင်ငံအတွင်း covid-19 ကူးစက်ခံရသူ (၁၈၂)ဦးရှိ
မေ 16, 2020
By Tachileik News Agency

ချင်းပြည်နယ်တွင် အတည်ပြုလူနာ တစ်ဦးထပ်တိုး၍ မြန်မာနိုင်ငံအတွင်း covid-19 ကူးစက်ခံရသူ (၁၈၂)ဦးရှိ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က မေလ(၁၆)ရက်နေ့ နံနက်အစောပိုင်း ဓါတ်ခွဲစစ်ဆေးသည့် ဓါတ်ခွဲနမူနာ (၂၆၇)တွင် covid-19 ကူးစက်ခံရသူ တစ်ဦး၏ ဓါတ်ခွဲနမူနာကို စစ်ဆေးတွေ့ရှိကြောင်း သတင်းထုတ်ပြန်သည်။

မေလ(၁၆)ရက်နေ့ နံနက်(၇)နာရီအချိန်က သတင်းထုတ်ပြန်သည့် ပိုးတွေ့လူနာသည် မြန်မာနိုင်ငံ၏ (၁၈၂)ဦးမြောက် ပိုးတွေ့လူနာဖြစ်သည်။

Case 182 သည် အသက်(၃၂)နှစ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ဖြစ်ပြီး၊ အသွားအလာ ကန့်သတ်ထားရှိသူ(Quarantine)ဖြစ်ကြောင်း နှင့် အတည်ပြုလူနာနှင့်ထိတွေ့မှုမရှိသော်လည်း မလေးရှားနိုင်ငံက ပြန်လာသူဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် covid-19 ပိုးတွေ့လူနာ စုစုပေါင်း (၁၈၂)ဦးရှိနေပြီး ထိုအထဲမှ ရောဂါပိုးကင်းစင်လာသူမှ (၈၉)ဦးရှိကြောင်း နှင့် သေဆုံးသူ (၆)ဦးရှိထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~