လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသား(၁၃၁)ဦး တာချီလိတ်က တဆင့် နေရပ်ပြန်

လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသား(၁၃၁)ဦး တာချီလိတ်က တဆင့် နေရပ်ပြန်
မေ 8, 2020
By Tachileik News Agency

လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသား(၁၃၁)ဦး တာချီလိတ်က တဆင့် နေရပ်ပြန်

လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ် ရွေတြိဂံဒေသမှာ သွားရောက် အလုပ် လုပ်ကိုင်နေပြီး covid-19 ကာလအတွင်း နေရပ်ပြန်လာချင်တဲ့ မြန်မာနိုင်ငံသားများကို လာအိုဘက်က တာဝန်ရှိသူများက ပထမဆုံးအကြိမ်အဖြစ် လွှဲပြောင်းပေးလာရာမှာ ကလေးငယ်များ အပါအဝင် စုစုပေါင်း (၁၃၁)ဦး ပါဝင်ပါတယ်။

ပထမအကြိမ်အဖြစ် (၁၃၁)ဦးကို လွှဲပြောင်းပေးလာသလို ဆက်လက်ပြီးတော့လည်း လွှဲပြောင်းပေးလာမယ်ဆိုရင်တော့ မြန်မာဘက်က ပြည်နယ်အစိုးရကို တင်ပြပြီးမှ လက်ခံပေးသွားဖြစ်သလို အခုလို လက်ခံလိုက်တဲ့ သူတွေကိုလည်း သူတို့ရဲ့ ဒေသကို ရောက်မှသာ နေအိမ်အတွင်း  သီးခြားစောင့်ကြည့်နေထိုင်ခြင်းတွေ ပြုလုပ်ရမှာ ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တကယ်တမ်းမှာ လာအိုနိုင်ငံကနေ နေရပ်ပြန်ချင်လို့ စာရင်းပေးထားတဲ့ အရေအတွက်ဟာ (၁၇၇)ဦးရှိနေပေမဲ့ သူတို့တွေထဲမှာ လုပ်အားခမရသေးသူတွေရှိနေသေးလို့ (၁၃၁)ဦးသာ ပြန်လာနိုင်ကြတာဖြစ်ပါတယ်။

လာအိုနိုင်ငံက ပထမဆုံးအဖြစ် မြန်မာနိုင်ငံသား (၁၃၁)ဦးကို လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းမှာ လွှဲပြောင်းပေးရာမှာ တုန်ဖိန်းမြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ အဖွဲ့က လွှဲပြောင်းပေးပြီး မြန်မာဘက်က တာချီလိတ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး နဲ့  တာချီလိတ်မြို့နယ်အုပ်ရေးမှူးတို့ အဖွဲ့က လက်ခံပေးခဲ့ကြတာဖြစ်ပါတယ်။

နေရပ်ပြန်လာတဲ့ မြန်မာနိုင်ငံသားများကို တာချီလိတ်ဘက်ရှိ ဝမ်ပုံဆိပ်ကမ်း အနီးအနားမှာပဲ ကျန်းမာရေး စစ်ဆေးပေးတာတွေ နိုင်ငံသားအချက်အလက် စိစစ်တာတွေ လုပ်ဆောင်ပြီးမှ သက်ဆိုင်ရာက စီစဉ်ပေးထားတဲ့ မော်တော်ယာဉ်တွေနဲ့ သူတို့ရဲ့ ဒေသကို ပြန်ပို့လိုက်ကြတာ ဖြစ်ပါတယ်။၊

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~