မိုင်းဆတ် - မိုင်းတုံ ကားလမ်းပေါ်တွင် ဆိုင်ကယ်(၂)စီးဖြင့်လာသည့် လူ(၃)ဦးကို မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိ

မိုင်းဆတ် - မိုင်းတုံ ကားလမ်းပေါ်တွင် ဆိုင်ကယ်(၂)စီးဖြင့်လာသည့် လူ(၃)ဦးကို မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိ
မေ 15, 2020
By Tachileik News Agency

မိုင်းဆတ် - မိုင်းတုံ ကားလမ်းပေါ်တွင် ဆိုင်ကယ်(၂)စီးဖြင့်လာသည့် လူ(၃)ဦးကို မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်း မိုင်းဆတ် - မိုင်းတုံ ကားလမ်းပေါ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် လာသည့် လူ(၃)ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ၍ အမှုဖြင့် စစ်ဆေးနေကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်အတွင်း မိုင်းဆတ် - မိုင်းတုံ ကားလမ်းပေါ် (၁၃)မိုင် ကျေးရွာအနီးတွင် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ ၂၀၂၀ခုနှစ် မေလ(၁၄)ရက်နေ့ ည(၆)နာရီ ဝန်းကျင်အချိန်က စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းဆတ်မြို့ဘက်မှ မိုင်းတုံမြို့ဘက်လမ်းသို့ ဆိုင်ကယ်(၂)စီးဖြင့် လာသည့် (၃)ဦးအား စစ်ဆေးရာက မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်း ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းတုံမြို့ဘက်သို့ ကျဟားဘို နှင့် နာဟယ်တို့ စီးလာသည့် ဆိုင်ကယ် နှင့် ကျဖ မောင်းလာသည့် ဆိုင်ကယ် (၂)စီးတို့အား ရပ်တန့်စစ်ဆေးရာ ကျဖ၏ ဆိုင်ကယ်တူးဘောက် နှင့် ဒူးကာအတွင်းမှ စိတ်ကြွဆေးပြား စုစုပေါင်း (၆,၀၀၀)နှင့် ဘိန်းဖြူ (၀.၀၅၂)ကီလို၊ ဘိန်းစိမ်း (၀.၀.၈)ကီလို နှင့် မြန်မာငွေ  (၁,၂၇၀,၀၀၀)ကျပ်နှင့် ထိုင်းဘတ် (၅,၀၀၀)ဘတ်တို့အား တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိရသူ ကျဖ နှင့်အတူ ဆိုင်ကယ်နောက်တစ်စီးဖြင့် လိုက်ပါလာသည့် ကျဟားဘို နှင့် နာဟယ် တို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~