တာချီလိတ်မြို့နယ်အတွင်း ဝမ်ကျောက်လုံတွင် အမျိုးသားနှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့နယ်အတွင်း ဝမ်ကျောက်လုံတွင် အမျိုးသားနှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိ
မေ 11, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း ဝမ်ကျောက်လုံတွင် အမျိုးသားနှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံ - ပန်စလိရွာသွားလမ်းတွင် အမျိုးသား (၂)ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ဝမ်ကျောက်လုံ - ပန်စလိကျေးရွာသွားလမ်းပေါ်တွင် ၂၀၂၀ခုနှစ် မေလ(၁၀)ရက်နေ့ နေ့လည်(၂)နာရီ ဝန်းကျင်အချိန်က ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် အိုက်အေး (ခ) အိုက်မြောင် နှင့် ကျော်ဦး (ခ) အိုက်မိုင် တို့ (၂)ဦး စီးလာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာက စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကျော်ဦး (ခ) အိုက်မိုင် လွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀)ပြား နှင့် လက်ကိုင်ဖုန်း (၂)လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရ၍ အသက်(၂၉)နှစ်ရှိ အိုက်အေး (ခ) အိုက်မြောင် နှင့် အသက်(၂၁)နှစ်ရှိ ကျော်ဦီး (ခ) အိုက်မိုင်တို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားပြီး ကွင်းဆက် ဖမ်းဆီးရမိရေးအတွက် စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~