ကျိုင်းတုံ - လွိုင်မွေသွားလမ်းပေါ်တွင် အမျိုးသမီး တစ်ဦးအား မူးယစ်ဆေးနှင့်အတူ ဖမ်းမိ

ကျိုင်းတုံ - လွိုင်မွေသွားလမ်းပေါ်တွင် အမျိုးသမီး တစ်ဦးအား မူးယစ်ဆေးနှင့်အတူ ဖမ်းမိ
မေ 10, 2020
By Tachileik News Agency

ကျိုင်းတုံ - လွိုင်မွေသွားလမ်းပေါ်တွင် အမျိုးသမီး တစ်ဦးအား မူးယစ်ဆေးနှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - လွိုင်မွေသွား ကားလမ်းပေါ်တွင် အမျိုးသမီးတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀)ဖြင့် ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ကျိုင်းတုံ-လွိုင်မွေသွား ကားလမ်းပေါ်တွင် ၂၀၂၀ခုနှစ် မေလ(၉)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်အချိန်က လွိုင်မွေဘက်သို့ ဆိုင်ကယ်ဖြင့် ကျိုင်းတုံဘက်ကလာသူ အမျိုးသမီးတစ်ဦးအား ရဲတပ်ဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမျုများ ပြုလုပ်ရာတွင် အဆိုပါ အမျိုးသမီး လွယ်ထားသည့်  ပိုက်ဆံအိတ်အတွင်းထဲက စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၂၀၀၀)ပြားအား တွေ့ရှိရ၍ ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အသက်(၂၁)နှစ်ရှိ နာထီးဆိုသူအား အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ဖော်ထုတ်ရမိရေးအတွက် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~