ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် Covid -19 ကြောင့် သေဆုံးသူ (၃)သိန်းခွဲကျော်ရှိလာ

ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် Covid -19 ကြောင့် သေဆုံးသူ (၃)သိန်းခွဲကျော်ရှိလာ
မေ 29, 2020
By Tachileik News Agency

ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် Covid -19 ကြောင့် သေဆုံးသူ (၃)သိန်းခွဲကျော်ရှိလာ

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့သည့် Covid-19 ကြောင့် ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် ၂၀၂၀ခုနှစ် မေလ(၂၉)ရက်နေ့ ည(၇)နာရီအထိ သေဆုံးသူ စုစုပေါင်းမှာ (၃၆၀,၉၁၉)ဦးအထိ ရှိလာကြောင်း ဂျွန်ဟော့ကင်း စစ်တမ်းအရ သိရသည်။

ကူးစက်ခံရသူ စုစုပေါင်းမှာ (၅,၈၃၇,၅၄၁)ဦးရှိနေပြီး သက်သာပျောက်ကင်းသူများမှာ (၂,၄၁၅,၉၆၀)ဦးရာ ကူးစက်ခံရသူ အများဆုံးအဖြစ် အမေရိကန်နိုင်ငံက (၁,၇၂၁,၇၅၃)ဦးဖြင့် အဆင့်(၁)တွင် ရောက်ရှိနေပြီး သေဆုံးသူမှာလည်း (၃၉၉,၉၉၁)ဦးအထိ ရှိကြောင်း သိရသည်။

 Covid-19 ရောဂါစတင် ဖြစ်ပေါ်လာသည့် တရုတ်နိုင်ငံသည် ၂၀၂၀ခုနှစ် မေလ(၂၉)ရက်နေ့တွင် ကူးစက်ခံရသည့် ကမ္ဘာ့နိုင်ငံတွင် ကူးစက်ခံရသူ အများဆုံးအဖြစ် အဆင့်(၁၅)သို့ ရောက်ရှိသွားပြီး ကူးစက်ခံရသူ (၈၄,၁၀၆)ဦးရှိရာ သေဆုံးသူမှာ (၄၆၃၈)ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံပါဝင်သည့် အရှေ့တောင်အာရှ (၁၀)နိုင်ငံတွင် စင်္ကာပူနိုင်ငံက ကူးစက်ခံရသူ (၃၃,၈၆၀)ဦး နှင့် သေဆုံးသူ (၂၃)ဦးရှိအထိ ကူစက်ခံရသူအများဆုံးအဖြစ် ရှိနေပြီး အနည်းဆုံးအဖြစ် လာအိုင်ငံက (၁၉)ဦးရှိကြောင်း နှင့် မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ (၂၀၆)ဦးရှိနေသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~