မြန်မာ - ထိုင်းနယ်စပ်တွင် မူးယစ်ဆေးသယ်သည့် အဖွဲ့ကို UWSA က ပစ်ခတ်ဖမ်းဆီးရာ စိတ်ကြွဆေး (၃၄)သိန်းကျော်နှင့် လူ (၂)ဦး ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်တွင် မူးယစ်ဆေးသယ်သည့် အဖွဲ့ကို UWSA က ပစ်ခတ်ဖမ်းဆီးရာ စိတ်ကြွဆေး (၃၄)သိန်းကျော်နှင့် လူ (၂)ဦး ဖမ်းမိ
မေ 15, 2020
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်တွင် မူးယစ်ဆေးသယ်သည့် အဖွဲ့ကို UWSA က ပစ်ခတ်ဖမ်းဆီးရာ စိတ်ကြွဆေး (၃၄)သိန်းကျော်နှင့် လူ (၂)ဦး ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) UWSA "ဝ" ပြည်နယ်တောင်ပိုင်း (၁၇၁) စစ်ဒေသအတွင်းရှိ မြန်မာ - ထိုင်းနယ်စပ်တွင် လူ(၄၀)ဝန်းကျင်ပါဝင်သည့် မူးယစ်ဆေးသယ်သည့်အဖွဲ့ကို UWSA တပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ မေလ (၁၄)ရက်နေ့ ညပိုင်း၌ ပစ်ခတ်ဖမ်းဆီးရာ စိတ်ကြွဆေးပြား (၃5)သိန်းကျော်နှင့် လူ(၂)ဦးဖမ်းမိကြောင်း သိရသည်။

“ (၁၇၁) လက်အောက်ခံ (၇၇၂) တပ်မဟာက သိမ်းထားတာ။ ပုံပါကျင်ဘက်မှာရှိတာ။ အရှင်တစ်ယောက်၊ အသေတစ်ယောက်ဖမ်းမိတယ်။ အဲဒီဘက်က မကြာခဏဖမ်းမိတာတွေရှိတယ်”ဟု  UWSA၏ တာချီလိတ် ဆက်ဆံရေးရုံးတာဝန်ခံ ဦးဆမ်ပိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၅)ရက်နေ့တွင် ပြောသည်။

UWSA "ဝ" ပြည်နယ်တောင်ပိုင်း (၁၇၁) စစ်ဒေသမှ တပ်မဟာ(၇၇၂)လက်အောက်ခံတပ်ရင်းက မေလ (၁၄)ရက်နေ့ ည (၉)နာရီဝန်းကျင်၌ ပုံပါကျင်ဒေသအနီး မြန်မာ - ထိုင်းနယ်စပ် (၃)မိုင်အနီး လွယ်ထွေးတောင်ကြော၌ ကင်းလှည့်ရာ လူဦးရေ (၄၀)ခန့်ပါဝင်သည့်အဖွဲ့ကို တွေ့ရသဖြင့် ရပ်တန့်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ စတင်ပစ်ခတ်လာခြင်းဖြစ်ကြောင်း သိရသည်။

တပ်မဟာ (၇၇၂)၏တပ်ဖွဲ့နှင့် မူးယစ်မှောင်ခိုအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း မူးယစ်မှောင်ခိုအဖွဲ့မှ အသေ (၁)ဦး၊ အရှင် (၁)ဦးဖမ်းမိပြီး ကျန်လူများ ထွက်ပြေးသွားကြကြောင်း သိရသည်။

တပ်မဟာ (၇၇၂)က လိုက်လံရှာဖွေရာ နံနက်အာရုဏ်တက်ခါနီးတွင် 999 စာတမ်းပါ WY စိတ်ကြွရူးသွပ်ဆေးပြား အထုပ်ပေါင်း(၆)ထုပ်ကို တွေ့ရပြီး ဆေးပြားပေါင်း (၃,၄၁၀,၀၀၀) ပါဝင်သည်ကို စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - UWSA

[UWSA ဆက်ဆံရေးရုံး(တာချီလိတ်)၏ ညနေ (၃)နာရီ (၅၅)မိနစ်အချိန် ထပ်မံအတည်ပြုချက်အရ စိတ်ကြွဆေးပြားအရေအတွက် ပြင်ဆင်ထားခြင်းဖြစ်ပါသည်။]


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~