COVID 19 ကာလအတွင်း တရုတ်နိုင်ငံမှ ပြန်လာမည့် နေရပ်ပြန်များအား လားရှိုး - မန္တလေးခရီးစဉ်ကို ရထားခရီးစဉ်ဖြင့်သာ ပို့ဆောင်သွားမည်

COVID 19 ကာလအတွင်း တရုတ်နိုင်ငံမှ ပြန်လာမည့် နေရပ်ပြန်များအား လားရှိုး - မန္တလေးခရီးစဉ်ကို ရထားခရီးစဉ်ဖြင့်သာ ပို့ဆောင်သွားမည်
မေ 6, 2020
By Tachileik News Agency
COVID 19 ကာလအတွင်း တရုတ်နိုင်ငံမှ ပြန်လာမည့် နေရပ်ပြန်များအား လားရှိုး - မန္တလေးခရီးစဉ်ကို ရထားခရီးစဉ်ဖြင့်သာ ပို့ဆောင်သွားမည်

Covid-19 ရောဂါ ကာကွယ်နေသည့်ကာလအတွင်း တရုတ်နိုင်ငံမှ နေရပ်ပြန်များကို ၂၀၂၀ ခုနှစ်၊ မေလ (၆) ရက်နေ့မှစ၍ လားရှိုး - မန္တလေးခရီးစဉ်ကို ရထားခရီးစဉ်ဖြင့်သာ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တော်ပြန်တွေအားလုံးကို လားရှိုးကနေ မန္တလေးအထိ မြန်မာ့မီးရထားနဲ့ မေလ (၆) ရက်နေ့ကနေစတင်သယ်ဆောင်ပေးတာ ဖြစ်ပါတယ်။ လတ်တလောအထိ ပြည်တော်ပြန်တွေကို သယ်ဆောင်ဖို့ ပြီးဆုံးမယ့်ရက်ကို အကန့်အသတ် မပေးထားသေးပါဘူး။ ဒီနေ့ မေလ (၆) ရက်နေ့မှာ ပထမဦးဆုံး သယ်ဆောင်လာတဲ့ ပြည်တော်ပြန် စုစုပေါင်း (၄၄၁) ဦး ပါရှိပါတယ်။ ကျောက်မဲမှာ ဆင်းမယ့်သူ မပါ ပါဘူး

ဟု ရှမ်း/မြောက် ကျောက်မဲဘူတာရုံမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေး-လားရှိုး လမ်းပိုင်းတွင် ဧပြီလ (၉)ရက်နေ့မှစတင်၍ မန္တလေးမှ လားရှိုးသို့သာ ခရီးသည်တင်ဆောင်နေရာမှ မေလ (၆)ရက်နေ့မှစပြီး တရုတ်နိုင်ငံမှ ပြည်တော်ပြန်များအတွက် လားရှိုး - မန္တလေးခရီးစဉ်ကို ပြန်လည်ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမှ မန္တလေးသို့ ပြေးဆွဲသည့် ပြည်တော်ပြန်များအတွက် ရထားခရီးစဉ်ကို တစ်ရက်လျှင် တစ်ကြိမ်ပြေးဆွဲမည်ဖြစ်ပြီး လမ်းဘူတာများ ရပ်နားပေးမည်မဟုတ်သော်လည်း မေလ (၆)ရက်နေ့က ခြွင်းချက်အနေဖြင့် ကျောက်မဲဘူတာမှနေ၍ ပြည်တော်ပြန်များအတွက် စားနပ်ရိက္ခာနှင့် ရေ၊ အချိုရည်များ လှူဒါန်းလိုသူများရှိ၍ ရပ်နားပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း  - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~