တာချီလိတ်တွင် လောင်းကစားဂိမ်းခုံ ဖမ်းဆီးရမိမှုတွင် ပါဝင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို လောင်းကစားအမှုအပြင် လဝက အမှုဖြင့်ပါ ဆက်လက်အရေးယူမည်

တာချီလိတ်တွင် လောင်းကစားဂိမ်းခုံ ဖမ်းဆီးရမိမှုတွင် ပါဝင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို လောင်းကစားအမှုအပြင် လဝက အမှုဖြင့်ပါ ဆက်လက်အရေးယူမည်
မေ 10, 2020
By Tachileik News Agency
တာချီလိတ်တွင် လောင်းကစားဂိမ်းခုံ ဖမ်းဆီးရမိမှုတွင် ပါဝင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို လောင်းကစားအမှုအပြင် လဝက အမှုဖြင့်ပါ ဆက်လက်အရေးယူမည်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မေလ (၉)ရက်နေ့ နေ့လည်ပိုင်းက လောင်းကစားဂိမ်းခုံ ဖမ်းဆီးမှုအတွင်း  လောင်းကစားမှုဖြင့် ဖမ်းခံရသူများတွင် ပါဝင်သည့် ထိုင်းနိုင်ငံသား (၁)ဦးကို လောင်းကစားဥပဒေအပြင် လဝကဥပဒေဖြင့်ပါ အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားတစ်ဦး ပါဝင်တာကိုတော့ လဝကဥပဒေအရ ထပ်အရေးယူပါမယ်

ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် (၄)လမ်းရှိ လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ထားသည့်အိမ်ကို မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းဖြင့် နေ့လယ်ပိုင်းတွင် ဝင်ရောက်စီးနင်းဖမ်းဆီး ရာ လောင်းကစား ပြုလုပ်နေသည့် အမျိုးသား (၁၆)ဦးကို ဖမ်းမိသည့်အနက် ထိုင်းနိုင်ငံသားတစ်ဦး ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။

လောင်းကစားပြုလုပ်မှုဖြင့် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား အသက် (၄၂)နှစ်အရွယ် ပီချားကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရန် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးမှုအတွင်း ငါးမန်းဂိမ်း လောင်းကစားခုံ (၂၉)ခုံ၊ လောင်းကြေးငွေ ထိုင်းဘတ် (၁၇,၁၅၀)၊ ဆိုင်ကယ် (၂) စီးတို့ကို လောင်းကစားပြုလုပ်နေသည့် အမျိုးသား (၁၆)ဦးနှင့် ပိုင်ရှင်အမျိုးသမီးတို့ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

ဆက်စပ်သတင်း
တာချီလိတ်ရဲတပ်ဖွဲ့က လောင်းကစားရုံတစ်ခုကို ကျားမင်းစီမံချက်ဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီး
တာချီလိတ်တွင် ကျားမင်းစီမံချက်ဖြင့် လောင်းကစား ဂိမ်းခုံဖမ်းဆီး
တာချီလိတ်တွင် လောင်းကစားဂိမ်းခုံများနှင့်အတူ ဖမ်းမိသည့် ပိုင်ရှင်အပါအဝင် (၁၇)ဦးအား လောင်းကစား ဥပဒေဖြင့် အမှုဖွင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~