တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှိ ယာယီဈေးတွင် တာချီလိတ်တပ်နယ်က ဟင်းသီးဟင်းရွက် နှင့် အသားငါးများ သက်သာဈေးနှုန်းဖြင့် နံနက်ပိုင်းများတွင် လာရောက် ရောင်းချပေးနေ

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှိ ယာယီဈေးတွင် တာချီလိတ်တပ်နယ်က ဟင်းသီးဟင်းရွက် နှင့် အသားငါးများ သက်သာဈေးနှုန်းဖြင့် နံနက်ပိုင်းများတွင် လာရောက် ရောင်းချပေးနေ
မေ 7, 2020
By Tachileik News Agency
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှိ ယာယီဈေးတွင် တာချီလိတ်တပ်နယ်က ဟင်းသီးဟင်းရွက် နှင့် အသားငါးများ သက်သာဈေးနှုန်းဖြင့် နံနက်ပိုင်းများတွင် လာရောက် ရောင်းချပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှိ ဟင်းသီးဟင်းရွက်နှင့်အသား ငါးရောင်းချသည့် ယာယီဈေးတွင် တာချီလိတ်တပ်နယ်က တပ်တွင်းစိုက်မွေးထားသည့် ဟင်းသီးဟင်းရွက်၊ အသားငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား နေ့စဉ် ရောင်းချနေကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ကြက်သား၊ ငါးများကို ၂၀၂၀ခုနှစ် မေလ(၅)ရက်နေ့က စ၍ နေ့စဉ် နံနက် (၇) နာရီခွဲဝန်းကျင်မှ နေ့လယ် (၁၁)နာရီအထိ နေ့စဉ်ရောင်းချပေးနေခြင်းဖြစ်သည်။

"ကြက်ဥလည်း အဆင်ပြေတယ်၊ (၁၀)လုံးမှ (၂၅)ဘတ်ပဲ၊ ဈေးထဲမှာ ဝယ်ရင် (၃၀)၊(၃၅)၊(၄၀) အလုံးအရွယ်ပေါ် မူတည်ပြီးတော့ အဲ့လို ပေးရတယ်၊ ကြက်သားဝယ်ရတာလည်း အဆင်ပြေတယ်၊ တစ်ကီလိုမှ (၆၅)ဘတ်ပဲ"ဟု ဈေးလာဝယ်သည့် ပညာရေးဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကြောင့် အခက်အခဲဖြစ်နေသည့်ကာလအတွင်း ဒေသခံများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ယခုလို လာရောက်ရောင်းချခြင်းဖြစ်သည်ဟု သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~