တာချီလိတ်သို့ လာအို နှင့် ထိုင်းနိုင်ငံတို့မှ ပြန်လာသူများကို COVID 19 စစ်ဆေးပြီးမှ နေရပ် ပြန်ပို့မည်

တာချီလိတ်သို့ လာအို နှင့် ထိုင်းနိုင်ငံတို့မှ ပြန်လာသူများကို COVID 19 စစ်ဆေးပြီးမှ နေရပ် ပြန်ပို့မည်
မေ 27, 2020
By Tachileik News Agency
တာချီလိတ်သို့ လာအို နှင့် ထိုင်းနိုင်ငံတို့မှ ပြန်လာသူများကို COVID 19 စစ်ဆေးပြီးမှ နေရပ် ပြန်ပို့မည်

ထိုင်း နှင့် လာအိုနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ နယ်စပ်ဖြတ်ကျော် ဝင်လာသူ တစ်ကြိမ်လျှင် လူဦးရေ (၄၀၀) မကျော်ပါက အသွားအလာ ကန့်သတ်ထားသည့်နေရာ (Facility Quarantine)၌ ထားရှိပြီး ဓါတ်ခွဲစစ်ဆေးပြီးမှ သက်ဆိုင်ရာဒေသများသို့ ပြန်ပို့တော့မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးထွက်ထားတဲ့ ညွှန်ကြားချက်က ထိုင်းနိုင်ငံကလို့ ညွှန်ကြားထားပေမဲ့ လာအိုကလည်း  ရောဂါဖြစ်မလား မသိဘူးလေ။ ဒီတော့ ဝင်လာသူအားလုံးကို Quarantine ထားတာ လုပ်ပါမယ်။ Quarantine က နှစ်မျိုးရှိတယ် လူ (၄၀၀)ကျော်လို့ရှိရင် ကျွန်တော်တို့က သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းတွေကို သက်ဆိုင်ရာ နယ်စပ်ဝင်ပေါက်ရှိတဲ့မြို့ တာချီလိတ်တို့၊ မြဝတီတို့ကနေ သက်ဆိုင်ရာဒေသပြန်ပို့ဖို့ စီစဉ်ပေးပြီး ကိုယ့်ဒေသမှာ Quarantine ဝင်တာ။ လူ (၄၀၀)အောက်ဆိုရင်တော့ နယ်စပ်ဂိတ်ရှိတဲ့မြို့မှာ Quarantine ထားပြီး အာခေါင် တို့ပတ်စစ်ပြီးမှ ပြည်နယ်နဲ့ တိုင်းတွေကို ဆက်ပို့မယ်။ သူက (၂)ရက်၊ (၃)ရက်တော့ အနည်းဆုံးထားရမှာပေါ့။ အဖြေရသည် အထိပေါ့။ စစ်တာကတော့ အားလုံးကို စစ်မယ်

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းမှနေ၍ လာအိုမှ နေရပ်ပြန်များနှင့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ တစ်ဆင့် ထိုင်းနိုင်ငံမှ နေရပ်ပြန်များ မေလအတွင်း ပြန်ဝင်လာနိုင်ဖွယ်ရှိသဖြင့် တာချီလိတ်မြို့တွင် Facility Quarantine ထားရှိရန် နေရာများကို ပြင်ဆင်ထားကြောင်း သိရသည်။

အခုက ကျောင်းတွေကို ပြန်အပ်ထားတော့ ကျွန်တော်တို့ လက်ရှိ ရှိတဲ့နေရာတွေက လူ (၃၀၀)လောက်တော့ ဆန့်ပါတယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

တာချီလိတ်မြို့တွင် လာအိုနိုင်ငံမှ နေရပ်ပြန်များနှင့် ထိုင်းနိုင်ငံမှ နေရပ်ပြန်များကို လက်ခံကာ မိုးကုတ်တရားရိပ်သာတွင် Facility Quarantine ထားရှိခြင်းကို ဒေသတွင်းမှ အလှူရှင်များ အကူအညီဖြင့် ထားရှိနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~