တာချီလိတ် နှင့် ကျိုင်းတုံတို့မှ ထပ်တိုး စောင့်ကြည့်လူနာ (၃)ဦး၏ ဓါတ်ခွဲနမူနာများကို မေလ(၁၂)ရက်နေ့တွင် ပို့ဆောင် စစ်ဆေးသွားမည်

တာချီလိတ် နှင့် ကျိုင်းတုံတို့မှ ထပ်တိုး စောင့်ကြည့်လူနာ (၃)ဦး၏ ဓါတ်ခွဲနမူနာများကို မေလ(၁၂)ရက်နေ့တွင် ပို့ဆောင် စစ်ဆေးသွားမည်
မေ 10, 2020
By Tachileik News Agency
တာချီလိတ် နှင့် ကျိုင်းတုံတို့မှ ထပ်တိုး စောင့်ကြည့်လူနာ (၃)ဦး၏ ဓါတ်ခွဲနမူနာများကို မေလ(၁၂)ရက်နေ့တွင် ပို့ဆောင် စစ်ဆေးသွားမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ နောက်တိုး စောင့်ကြည်လူနာ(၁)ဦး နှင့်  ကျိုင်းတုံမြို့တို့မှ စောင့်ကြည့်လူနာ (၂)ဦးတို့၏   ဓါတ်ခွဲနမူနာများကို မေလ (၁၂)ရက်နေ့တွင် ရန်ကုန်သို့ ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ဆေးရုံက စောင့်ကြည့်လူနာ (၁)ယောက်၊ ကျိုင်းတုံမှာ စောင့်ကြည့်လူနာ (၂)ယောက်ရှိတယ်။ နောက် လူနာ (၂)ယောက်ကို ထပ်စစ်ဖို့တော့ရှိသေးတယ်။ ဓါတ်ခွဲနမူနာတွေကို မေလ (၁၂)ရက်နေ့မှ ပို့ရမယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ပြည်သူ့ဆေးရုံတွင် မေလ (၉)ရက်နေ့က ဖျားနာနေသည့် အမျိုးသား (၁) ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားပြီး ကျိုင်းတုံပြည်သူ့ဆေးရုံတွင်လည်း စောင့်ကြည့်လူနာ (၂) ဦးရှိနေခြင်းဖြစ်သည်။

ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာ (၃)ဦးအနက် Case 96 မှာ ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေ (၂)ကြိမ်ရပြီးဖြစ်၍ မေလ (၅)ရက်နေ့ကတည်းက ဆေးရုံတွင် (၁၄)ရက် စောင့်ကြည့်မှုအောက်ထားရှိပြီး ကျန်လူနာ(၂)ဦးအနက် Case 64 မှာ ပိုးမတွေ့ကြောင်း အဖြေရပြီးနောက် ပိုးပြန်တွေ့ထားရကာ Case 112 မှာ ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားခြင်းဖြစ်သည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~