ထိုင်းနိုင်ငံတွင် covid-19 ကာလအတွင်း ကလေးငယ်များ အွန်လိုင်းမှ စာသင်ယူနိုင်ရေးအတွက် ကုန်ကျစရိတ် မတတ်နိုင်သည့် မိသားစု အများအပြားရှိနေ

ထိုင်းနိုင်ငံတွင် covid-19 ကာလအတွင်း ကလေးငယ်များ အွန်လိုင်းမှ စာသင်ယူနိုင်ရေးအတွက် ကုန်ကျစရိတ် မတတ်နိုင်သည့် မိသားစု အများအပြားရှိနေ
မေ 18, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင် covid-19 ကာလအတွင်း ကလေးငယ်များ အွန်လိုင်းမှ စာသင်ယူနိုင်ရေးအတွက် ကုန်ကျစရိတ် မတတ်နိုင်သည့် မိသားစု အများအပြားရှိနေ

ထိုင်းနိုင်ငံတွင် COVID 19 ကြောင့် စာသင်ကျောင်းများပိတ်ထားစဉ် အွန်လိုင်းမှသင်ကြားသည့်စနစ်ကို ပြောင်းလဲ လုပ်ဆောင်နေရာ အင်တာနက်အသုံးစရိတ် အပါအဝင် ကုန်ကျစရိတ်မတတ်နိုင်၍ သင်ယူခွင့်မရသည့် ကျောင်းသား၊ ကျောင်းသူ အများအပြားရှိနေကြောင်း သိရသည်။

COVID 19 ကြောင့် အခက်အခဲဖြစ်နေသည့် မိသားစုများက ကလေးငယ်များ အွန်လိုင်းသင်ကြားရေးကို ရယူနိုင်ရန် အင်တာနက်၊ စမတ်ဖုန်းစသည့် အခြေခံလိုအပ်ချက်များကို ထောက်ပံ့နိုင်ခြင်းမရှိသည့်ကိစ္စမှာ လတ်တလော အများပြည်သူ အာရုံစိုက်စရာ ကိစ္စတစ်ခုဖြစ်လာနေကြောင်း သိရသည်။

အခြေခံပညာ ဒုတိယတန်းနှင့် ဆဌမတန်း မြေးနှစ်ဦးရှိနေသည့် အသက် (၅၄)နှစ်အရွယ် ဆမ်ရန်က မိသားစုမှာ ဆင်းရဲလွန်း၍ အင်တာနက်ဖိုး မတတ်နိုင်ကြောင်း ပြောသည်။

အလားတူ အသက် (၆၀)အရွယ် ပတ်က ၎င်းတို့မိသားစုတွင် ကျောင်းသား (၄)ဦးရှိသော်လည်း မိသားစုမှာ COVID 19 ကြောင့် အလုပ်အကိုင်မရှိတော့၍ စားသောက်စရိတ်ကိုသာ တတ်နိုင်သဖြင့် ကလေးများကို အွန်လိုင်းမှ သင်ယူနိုင်ရန် စီစဉ်မပေးနိုင်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံတွင် COVID 19 ကြောင့် ကျောင်းပိတ်ထားစဉ်ကာလအတွင်း အွန်လိုင်းမှ သင်ကြားရေးစနစ်ကို စတင်ဆောင်ရွက်နေရာ မိသားစုအချို့က TV၊ Laptop များဖြင့် ကလေးများသင်ယူနိုင်ရန် စီစဉ်ပေးထားနိုင်သော်လည်း ကျောင်းသားမိဘအများစုက အွန်လိုင်းသင်ကြားရေးမှာ စရိတ်စကအကုန်အကျများ၍ ကျောင်းများပြန်ဖွင့်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation
Photo: The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~