တာချီလိတ်မြို့နယ်အတွင်း မိုးသက်လေပြင်းကြောင့် ပျက်စီးသွားသည့် အိမ်ခြေများအတွက် ထောက်ပံ့ငွေပေးတာချီလိတ်မြို့နယ်အတွင်း မိုးသက်လေပြင်းကြောင့် ပျက်စီးသွားသည့် အိမ်ခြေများအတွက် ထောက်ပံ့ငွေပေး

တာချီလိတ်မြို့နယ်အတွင်း မိုးသက်လေပြင်းကြောင့် ပျက်စီးသွားသည့် အိမ်ခြေများအတွက် ထောက်ပံ့ငွေပေးတာချီလိတ်မြို့နယ်အတွင်း မိုးသက်လေပြင်းကြောင့် ပျက်စီးသွားသည့် အိမ်ခြေများအတွက် ထောက်ပံ့ငွေပေး
မေ 19, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း မိုးသက်လေပြင်းကြောင့် ပျက်စီးသွားသည့် အိမ်ခြေများအတွက် ထောက်ပံ့ငွေပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ မေလ (၁၅)ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် အိမ်ခြေ (၉)လုံးမှ မိသားစုများအတွက် မေလ (၁၉)ရက်နေ့၌ ပြန်လည်ထူထောင်ရေးထောက်ပံ့ငွေပေးအပ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက လေဘေးသင့်အိမ်ထောင်စုများရှိရာ ကျေးရွာ (၃)ရွာသို့ သွားရောက်ပြီး အိမ်ခြေ (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၁၈,၀၀၀) ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာမှ အိမ်ခြေ(၄)လုံး၊ ဝမ်ကောင်းမွန်းကျေးရွာမှအိမ်ခြေ(၂)လုံး၊ ဖန်မင်ကျေးရွာမှ အိမ်ခြေ(၃)လုံး စုစုပေါင်း တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၉)လုံးရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဘေး စီ/မံ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~