တာချီလိတ်တွင် မိုးသက်လေပြင်းတိုက်ခတ်ကာ ဓါတ်တိုင်အချို့လဲကျ

တာချီလိတ်တွင် မိုးသက်လေပြင်းတိုက်ခတ်ကာ ဓါတ်တိုင်အချို့လဲကျ
မေ 13, 2020
By Tachileik News Agency
တာချီလိတ်တွင် မိုးသက်လေပြင်းတိုက်ခတ်ကာ ဓါတ်တိုင်အချို့လဲကျ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ ၂၀၂၀ခုနှစ် မေလ(၁၃)ရက်နေ့ ညနေ(၅)နာရီ မိနစ်(၂၀) အချိန်က စတင်ပြီးတော့ လေပြင်းတိုက်ပြီး မိုးရွာသွန်းကာ မိုးသီးများ ကျလာမှု ဖြစ်ပွားပြီး ဓါတ်တိုင်အချို့ ကျိုးကျသွားတာတွေ သစ်ကိုင်းကြောင့် လျှပ်စစ်မီးကျိုး ပြတ်သွားတာတွေကြောင့် လျှပ်စစ်မီးပြတ်တောက်ချိန်ဟာ (၃)နာရီနီးပါးရှိခဲ့ပြီး ဓါတ်တိုင်လဲကျတဲ့ နေရာတွေမှာတော့ ည(၈)နာရီခွဲအချိန်ထိ လျှပ်စစ်မီး ပြတ်တောက်နေဆဲ ဖြစ်ပြီး မီးလင်းရေးက ညတွင်းချင်း ပြင်ဆင်နေတယ်လို့ သိရပါတယ်၊

အခုလို မိုးသက်လေပြင်းကြောင့် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ရတနာလမ်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ရှေ့ က သစ်ပင်ကျိုးကျတာတွေ၊ တာချီလိတ်ဆေးရုံရှေ့က လျှပ်စစ်မီးကြိုး ပျက်ကျတာတွေအပြင် ပုံလို့သွားလမ်းပေါ်ရှိ မြို့မီးလင်းရေးရုံးခွဲအနီးမှာ ဓါတ်တိုင်များ ကျိုးကျလဲပြိုတာတွေ ဖြစ်သွားခဲ့ပေမဲ့
လူနဲ့တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရပါတယ်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~