တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသူ (၇၆)ဦးအား Covid-19 စစ်ဆေးရန် အတွက် ဓါတ်ခွဲနမူနာများကို ရယူ

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသူ (၇၆)ဦးအား Covid-19 စစ်ဆေးရန် အတွက် ဓါတ်ခွဲနမူနာများကို ရယူ
မေ 30, 2020
By Tachileik News Agency

 တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသူ (၇၆)ဦးအား Covid-19 စစ်ဆေးရန် အတွက် ဓါတ်ခွဲနမူနာများကို ရယူ


ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်မြို့ကို နေရပ်ပြန်ရန်အတွက် ၂၀၂၀ခုနှစ် မေလ(၂၉)ရက်နေ့က ရောက်ရှိလာပြီး   covid-19 ပိုးစစ်ဆေးရန်အတွက် တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာရဲ့ Facility Quarantine Center မှာ ယာယီအသွားအလာ ကန့်သတ်ထားတဲ့ (၇၆)ဦးရဲ့ ဓါတ်ခွဲနမူနာများကို ဒီနေ့ မေလ(၃၀)ရက်နေ့မှာ ရယူပြီး ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနကို လေကြောင်းခရီးစဉ်နဲ့ ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။

 နေရပ်ပြန်ရန်အတွက် ရောက်ရှိလာတဲ့ (၃)လသား ကလေးငယ်အပါအဝင် (၄၈)ဦး နဲ့ လွဲပြောင်းပေးလာတဲ့ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၂၈)ဦး စုစုပေါင်း (၇၆)ဦးရဲ့ ဓါတ်ခွဲနမူနာများကို ရယူပြီး ပို့ဆောင်ထားတာပဲ ဖြစ်ပါတယ်။

မေလ(၃၀)ရက်နေ့မှာ ဓါတ်ခွဲနမူနာများကို ရန်ကုန်သို့ ပို့စစ်ထားတာဖြစ်တဲ့အတွက် ဓါတ်ခွဲအဖြေများဟာ မေလ(၃၁)ရက်နေ့ ညပိုင်းမှာ ထွက်လာနိုင်ချေရှိပြီး သူတို့ထဲက ပိုးတွေ့လူနာ မပါဝင်ရင်တော့ အရင်ကလို (၂၁)ရက် Quarantine မထားတော့ဘဲ နောက်တစ်နေ့မှာ နေရပ်ဒေသအသီးသီးကို ပြန်ခွင့်ပြုမှာ ဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
ရိုက်ကူး - ကျော်ဇင်ဟိန်း ၊ စိုင်းအောင်ဝင်းမိုး

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~