မိုင်းဖြတ်မှ အတည်ပြုလူနာ အပါအဝင် မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းယောင်းနှင့် မိုင်းလားမှ (၄၅)ဦး၏ ဓာတ်ခွဲနမူနာအဖြေများ ယနေ့ည ပါလာနိုင်ဖွယ်ရှိ

မိုင်းဖြတ်မှ အတည်ပြုလူနာ အပါအဝင် မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းယောင်းနှင့် မိုင်းလားမှ (၄၅)ဦး၏ ဓာတ်ခွဲနမူနာအဖြေများ ယနေ့ည ပါလာနိုင်ဖွယ်ရှိ
မေ 30, 2020
By Tachileik News Agency

မိုင်းဖြတ်မှ အတည်ပြုလူနာ အပါအဝင် မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းယောင်းနှင့် မိုင်းလားမှ (၄၅)ဦး၏ ဓာတ်ခွဲနမူနာအဖြေများ ယနေ့ည ပါလာနိုင်ဖွယ်ရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေဆဲ အတည်ပြုလူနာ Case 64 ၏ (၈)ကြိမ်မြောက်ဓါတ်ခွဲအဖြေ အပါအဝင် မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းယောင်းနှင့် မိုင်းလားမှ ဓာတ်နမူနာ ရယူစစ်ဆေးထားသူ စုစုပေါင်း (၄၄) ဦး၏ ဓာတ်ခွဲအဖြေများ ၂၀၂၀ ခုနှစ်၊ မေလ (၃၀)ရက်နေ့၌ ရရှိမည်ဖြစ်ကြောင်း သိရသည်။

“မနေ့ကပို့စစ်ထားတဲ့ ဓာတ်ခွဲအဖြေအားလုံးတော့ ဒီနေ့ ရလာနိုင်ပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့မှ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေဆဲ အတည်ပြုလူနာ Case 64 နှင့် စောင့်ကြည့်လူနာ (၃)ဦး၊ Facility Quarantine မှ (၅)ဦး၊ Health Care Provider (၁)ဦးနှင့် Facility Quarantine တွင် ကူညီနေသည့် စေတနာ့ဝန်ထမ်း (Volunteer) (၂)ဦး၊ မိုင်းလားမှ Health Care Provider (၆)ဦးနှင့် စေတနာ့ဝန်ထမ်း (၁)ဦး၊ မိုင်းယောင်းမှ Health Care Provider (၈)ဦး၊ မိုင်းဆတ်မှ Facility Quarantine (၄) ဦး၊ မိုင်းခတ်မှ Facility Quarantine (၅) ဦးနှင့် Home Quarantine (၉)ဦးတို့၏ ဓာတ်ခွဲနမူနာများကို မေလ (၂၉)ရက်နေ့က ရန်ကုန် ဓာတ်ခွဲခန်းသို့ ပို့စစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ကုသမှုခံယူနေဆဲ အတည်ပြုလူနာ Case 64 မှာ (၃) ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးစဉ်က ပိုးမတွေ့ကြောင်း အဖြေရပြီးနောက် (၄)ကြိမ်မြောက်၊ (၅)ကြိမ်မြောက်နှင့် (၆)ကြိမ်မြောက် စစ်ဆေးမှုများတွင် ပိုးတွေ့ရကြောင်း ဓာတ်ခွဲအဖြေရထားကာ (၇)ကြိမ်မြောက် ဓာတ်ခွဲနမူနာတွင် ပိုးမတွေ့ရကြောင်း အဖြေရထား၍ နှစ်ရက်မြောက်နေ့တွင် (၈)ကြိမ်မြောက် ဓာတ်ခွဲနမူနာ ရယူပို့ဆောင်ထားခြင်းဖြစ်သည်။

အတည်ပြုလူနာ Case 64 မှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့က အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသပေးနေခြင်းဖြစ်သည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~