လယ်ယာမြေပုံစံ (၇) ထုတ်ပေးရန် ငွေကြေးတောင်းခံသည့် လယ်စီဝန်ထမ်း (၃)ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖြင့် အရေးယူ

လယ်ယာမြေပုံစံ (၇) ထုတ်ပေးရန် ငွေကြေးတောင်းခံသည့် လယ်စီဝန်ထမ်း (၃)ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖြင့် အရေးယူ
မေ 25, 2020
By Tachileik News Agency

လယ်ယာမြေ ပုံစံ(၇) ထုတ်ပေးရန် ငွေကြေးတောင်းခံသည့် လယ်/စီဝန်ထမ်း (၃)ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖြင့် အရေးယူ

လယ်ယာမြေပုံစံ (၇) ရရှိရေး တိုင်းတာပေးရာတွင် တောင်သူများထံမှ (၁)ဧကလျှင် ကျပ်တစ်သောင်းနှုန်းတောင်းခံခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်း (၃)ဦးကို ၂၀၂၀ ခုနှစ်၊ မေလ (၂၅)ရက်နေ့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထွဋ်အောင်၊ လက်ထောက်ဦးစီးမှူး ဦးနွယ်မင်းသန်းနှင့် မြေတိုင်း(၄) ဦးသန်းဇော်မင်းတို့သည်  ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု၊ ကော်သဇင်ကျေးရွာ၌ လယ်ယာမြေ ပုံစံ(၇) ရရှိရေး တိုင်းတာဖော်ထုတ်မှုအတွက် (၁)ဧကလျှင် ငွေကျပ် (၁၀,၀၀၀)နှုန်း တောင်းခံခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပဒဲကောကျေးရွာအုပ်စု၊ ကော်သဇင်ကျေးရွာ ကွင်းအမှတ်(၃၄) (ဧကတစ်ထောင်ကွင်း)ရှိ လယ်(၉၈၇.၇၁)ဧက အတွက် ပုံစံ(၇)များ ပြုလုပ်ပေးရာတွင် လယ်တစ်ဧကလျှင် ငွေကျပ်တစ်သောင်းနှုန်း ကောက်ခံကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝန်ထမ်း(၃)ဦးကို  ရွှေကျင်မြို့မရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~