ရှမ်းပြည်နယ်တွင်း ဈေး၊ စားသောက်ဆိုင်၊ ယာဉ်လိုင်းနှင့် ဟိုတယ်/တည်းခိုရိပ်သာများ ကို covid-19 ကာကွယ်ရေး သတ်မှတ်ချက်များဖြင့် ဇွန်လ (၁)ရက်နေ့မှစ၍ စိစစ်ခွင့်ပြုမည်

ရှမ်းပြည်နယ်တွင်း ဈေး၊ စားသောက်ဆိုင်၊ ယာဉ်လိုင်းနှင့် ဟိုတယ်/တည်းခိုရိပ်သာများ ကို covid-19 ကာကွယ်ရေး သတ်မှတ်ချက်များဖြင့် ဇွန်လ (၁)ရက်နေ့မှစ၍ စိစစ်ခွင့်ပြုမည်
မေ 28, 2020
By Tachileik News Agency

ရှမ်းပြည်နယ်တွင်း  ဈေး၊ စားသောက်ဆိုင်၊ ယာဉ်လိုင်းနှင့် ဟိုတယ်/တည်းခိုရိပ်သာများ  ကို covid-19 ကာကွယ်ရေး သတ်မှတ်ချက်များဖြင့် ဇွန်လ (၁)ရက်နေ့မှစ၍ စိစစ်ခွင့်ပြုမည်

ရှမ်းပြည်နယ်အတွင်း COVID 19 ကာကွယ်ရေးအတွက် ပိတ်ထားသည့် လုပ်ငန်းများမှ အချို့ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှစ၍ ရောဂါကာကွယ်ရေး အစီအစဉ်များဖြင့် စိစစ်ခွင့်ပြုပေးသွားတော့မည်ဖြစ်ကြောင်း မေလ (၂၈)ရက်နေ့တွင် ကျင်းပသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ သိရသည်။

အဆိုပါဆုံးဖြတ်ချက်အရ COVID 19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ မေလ (၁၈)ရက်နေ့ ရက်စွဲပါ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်မည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးများ၊ ယာဉ်လိုင်းများ၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကို ဇွန်လ (၁)ရက်နေ့မှစ၍ စိစစ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပျံကျဈေးများကို လက်ရှိစီမံခန့်ခွဲသည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ညဈေး၊ KTV၊ Night Club နှင့် Bar များကို ဆက်လက်ပိတ်ထားမည်ဖြစ်သည်။

(၅)ရက်တစ်ဈေးများကို ပြည်နယ်စည်ပင်သာယာရေးဌာနမှ စိစစ်တင်ပြမှုအပေါ်မူတည်၍ ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်သည်။

Tachileik News Agency

  • (က) စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ (၁၈.၅.၂၀၂၀)ရက်စွဲပါ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်နိုင်မည့် ဆိုင်များအား (၁.၆.၂၀၂၀)နေ့မှ စတင်ဖွင့်လှစ်ရန်။ ( ည ၉ နာရီ အထိ )
  • (ခ) ဈေးများအား covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်နိုင်မည့် ဈေးဆိုင်များ အားလုံး ဈေးသည်   တစ်ဝက်နှုန်းဖြင့် (၁.၆.၂၀၂၀)မှ စတင်ဖွင့်လှစ်ခွင့်ပြုရန်။ ( ညနေ ၄နာရီအထိ )
  • (ဂ) ပျံကျဈေးသည်များနှင့် ပတ်သက်၍ လက်ရှိအတိုင်း ဆောင်ရွက်ရန်။
  • (ဃ) ညဈေးများ ဆက်လက်ပိတ်ထားရန်။
  • (င) KTV, Night Club, Bar  များ ဆက်လက်ပိတ်ထားရန်။
  • (စ) ဟိုတယ်၊ တည်းခိုခန်းများအားလုံး ဟိုတယ် နှင့် ခရီးသွားလာရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားစိစစ်ရေးဌာန၊ စည်ပင်သာယာရေးဌာနတို့မှ သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီးစီးသည့် ဟိုတယ်၊ တည်းခိုခန်းများအား ဖွင့်လှစ်ခွင့်ပြုရန်။
  • (ဆ) ယာဉ်လိုင်းများအားလုံး ယခင်ထုတ်ပြန်ချက်အတိုင်း ဆက်လက် ဆောင်ရွက်ရန်။
  • (ဇ) စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးများ၊ ဟိုတယ်၊ တည်းခိုခန်းများ၊ ယာဉ်လိုင်းများအားလုံး သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ ခံဝန်ကတိ လက်မှတ်ရေးထိုးပြီးမှ ဆောင်ရွက်ရန်။
  • (ဈ) (၅)ရက်တစ်ဈေးများ ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ဖွင့်လှစ်မည့် အစီအမံများအား ပြည်နယ်စည်ပင်သာယာရေးဌာနမှ စိစစ်တင်ပြရန်။

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~