ရှမ်းပြည်နယ်တွင်းမှ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ COVID 19 ကာကွယ်ရေး ချမှတ်ထားသည့် စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမှ ခွင့်ပြုမည်

ရှမ်းပြည်နယ်တွင်းမှ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ COVID 19 ကာကွယ်ရေး ချမှတ်ထားသည့် စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမှ ခွင့်ပြုမည်
မေ 15, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်းမှ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ COVID 19 ကာကွယ်ရေး ချမှတ်ထားသည့် စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမှ ခွင့်ပြုမည်

ရှမ်းပြည်နယ်အတွင်းမှ ပြန်လည်ဖွင့်လှစ်လိုသည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ COVID 19 ကာကွယ်ရေး လုပ်ငန်းစဉ်များ အမှန်တကယ် လိုက်နာဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ ကော်မတီဖွဲ့ စစ်ဆေးပြီးမှ ပြန်လည် ဖွင့်လှစ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ချင်တဲ့ သူတွေကို စာရင်းတောင်းမယ်။ စာရင်းတောင်းပြီးရင် စိစစ်မယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်တွေကို လိုက်နာနိုင်ပြီလား။ ဟိုတယ်ခရီးက သတ်မှတ်တဲ့ စည်းကမ်းချက်တွေရှိတယ်။ အဲဒါတွေကို စစ်ဆေးပြင်ဆင်ပြီးမှ ဖွင့်ခွင့်ပေးမှာပါ။ ဒီတိုင်းကြီး ဖွင့်ခွင့်ပေးလို့မရပါဘူး။ social distancing (လူတစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခုမှ ခပ်ခွာခွာနေထိုင်သွားလာခြင်း) တို့လို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေနဲ့ ကိုက်ညီရမယ်။ အလုပ်သမားဝန်ကြီးဌာနက စိစစ်တဲ့အချက် (၁၀)ချက်နဲ့လည်း ကိုက်ညီရမှာပေါ့နော်။ အဲဒီလိုကိုက်ညီမှသာလျှင် ပြန်ဖွင့်ခွင့်ပေးမှာပါ

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မေလ (၁၅)ရက်နေ့၌ ပြောသည်။

COVID 19 ကာကွယ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများကို အစိုးရက မေလ (၁၅) ရက်နေ့အထိပိတ်ထားရာမှ  ဖြေလျော့ပေးထားသည့် လုပ်ငန်းများမှလွဲ၍ ကျန်လုပ်ငန်းများအားလုံးကို မေလ (၃၁)ရက်နေ့အထိ ထပ်တိုးပိတ်လိုက်ခြင်းဖြစ်ပြီး ဖြေလျော့ပေးသည့်လုပ်ငန်းများ၌ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ ပါဝင်လာခြင်းဖြစ်သည်။

မေလ (၁၅)ရက်နေ့နောက်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်ခွင့်ရသည့် လုပ်ငန်းများ အနေဖြင့်လည်း COVID 19 ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာရမည့်အပြင် COVID 19 ကာကွယ်ရေးကာလအတွင်း ပြန်လည်ဖွင့်လှစ်မည့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများတွင် လုပ်ငန်းခွင် အတွင်း ရောဂါကူးစက်မှုမရှိစေရေးအတွက် လိုက်နာရမည့် အချက် (၁၀)ချက်ကိုလည်း ထုတ်ပြန်ပေးထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းမှ ပြန်လည်ဖွင့်လှစ်လိုသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအား အဆိုပါ အချက်များနှင့် ကိုက်ညီမှုရှိမရှိ၊ လုပ်ငန်းခွင်အတွင်း ရောဂါကူးစက်မှုမရှိစေရေးအတွက် လိုက်နာရမည့် အချက် (၁၀)ချက်ကို  အမှန်တကယ် လိုက်နာနိုင်ခြင်းရှိ၊ မရှိတို့ကို ကော်မတီဖွဲ့စစ်ဆေးပြီးမှ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း -  ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~