ကျောက်မဲမြို့တွင် COVID-19 ကာလအတွင်း တပ်မတော်က ထမင်း/ဟင်း တစ်ပွဲလျှင် ကျပ် (၄၀၀)ဖြင့် ရောင်းချပေးနေ

ကျောက်မဲမြို့တွင် COVID-19 ကာလအတွင်း တပ်မတော်က ထမင်း/ဟင်း တစ်ပွဲလျှင် ကျပ် (၄၀၀)ဖြင့် ရောင်းချပေးနေ
မေ 11, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် COVID-19 ကာလအတွင်း  တပ်မတော်က ထမင်း/ဟင်း တစ်ပွဲလျှင် ကျပ် (၄၀၀)ဖြင့် ရောင်းချပေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် Covid-19 ကာလအတွင်း ပုံမှန်ဝင်ငွေလျာ့နည်းနေသူများနှင့် အခြေခံ လူတန်းစားများ အဆင်ပြေရန်အတွက် ထမင်း/ဟင်း တစ်ပွဲလျှင် ကျပ် (၄၀၀)သာကျသင့်သည့် တန်ဖိုးသင့် ထမင်းဟင်းများကို တပ်မတော်က မေလ၏ ပထမပတ်က စ၍ နေ့စဉ် ရောင်းချပေးနေကြောင်း သိရသည်။

"Covid-19 ရောဂါကို ကာကွယ် တိုက်ဖျက်နေတဲ့ကာလမှာ အလုပ်တွေ ရပ်နားထားရလို့ ဝင်ငွေလျော့ နည်းနေကြတဲ့ အခြေခံလူတန်းစားတွေ အတွက် အဓိက ရည်ရွယ်ပြီး ရောင်းချပေးတာ ဖြစ်ပါတယ်။ တစ်တပ်ကို တစ်ရက်စီ အလှည့်ကျရောင်းချပေးနေတာ ဖြစ်ပါတယ်။ ထမင်း၊ ဟင်း၊ အသီးအရွက် တွေပါတဲ့ တစ်ပွဲစာကို ကျပ် ၄၀၀ နဲ့ ရောင်းချပေးတာပါ"ဟု မေလ (၁၁)ရက်နေ့တွင် မင်္ဂလာစျေးထောင့်၌ အလှည့်ကျရောင်းချပေးနေသည့် အမှတ်( ၁ ) စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်၏ တန်ဖိုးသင့်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၂၀ခုနှစ် မေလ (၅)ရက်နေ့က စတင်ပြီး ကျောက်မဲမြို့ရှိ မင်္ဂလာစျေးအနီးနှင့် ရပ်ကွက် (၁)၊ ရပ်ကွက် (၈) တို့ရှိ လူသွားလူလာများသည့် နေရာများတွင် စကခ ( ၁ )၊  ၅၀၁ တပ်ရင်း နှင့် ၅၀၂ တပ်ရင်းတို့က နေ့စဥ် အလှည့်ကျ ရောင်းချပေးနေခြင်းဖြစ်ပြီး ထမင်းတစ်ပွဲလျင်  အသား(သို့) ငါး (သို့) ကြက်ဥ နှင့်  အသီး/ အရွက် တစ်မျိုးစီ ပါဝင်ကြောင်း သိရသည်။

ဆက်လက်၍ တပ်တွင်း စိုက်ပျိုး မွေးမြူထားသည့် ဟင်းသီးဟင်းရွက်၊ ကြက်ဥ နှင့် သားငါးများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့်  အလျဥ်းသင့်သလို ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~