တာချီလိတ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လျှပ်စစ် မီးတိုင်များ လဲကျကာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရတာချီလိတ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လျှပ်စစ် မီးတိုင်များ လဲကျကာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရ

တာချီလိတ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လျှပ်စစ် မီးတိုင်များ လဲကျကာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရတာချီလိတ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လျှပ်စစ် မီးတိုင်များ လဲကျကာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရ
မေ 13, 2020
By Tachileik News Agency
တာချီလိတ်တွင် မိုးသက်လေပြင်း တိုက်ခတ်ကာ မိုးသီးများကျပြီး လျှပ်စစ် မီးတိုင်များ လဲကျကာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မေလ (၁၃)ရက်နေ့ ညနေ (၅)နာရီကျော်ဝန်းကျင်မှစ၍ လေပြင်းတိုက်၍ မိုးသီးကျမှုကြောင့် လျှပ်စစ်မီးတိုင်များပြိုလဲခြင်း၊ သစ်ပင်များကျိုးခြင်းနှင့် ထိခိုက်ပျက်စီးမှုဖြစ်ပွားပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

“လူအထိအခိုက်တော့ မရှိဘူး။ မြို့ပြင်ဘက် မီးလင်းရေးရုံးခွဲဘက်က မီးတိုင်တွေလဲတာကလွဲရင် သိပ်ကြီးကြီးမားမား ထိခိုက်တာ မရှိပါဘူး”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လေပြင်းတိုက်ခတ်မှုမှာ တာချီလိတ်မြို့အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနှင့် ထိုင်းနိုင်ငံဘက်တွင်လည်း တိုက်ခတ်ခြင်းဖြစ်ရာ ထိုင်းနိုင်ငံဘက်၌ တာချီလိတ်ဘက်သို့ ဓါတ်အားပို့လွှတ်နေသည့် လျှပ်စစ်ဓါတ်အားလိုင်း ထိခိုက်မှုဖြစ်၍ တာချီလိတ်ဘက်၌ (၃)နာရီကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသည်။

ယင်းအပြင် မီးလင်းရေးရုံးခွဲအနီး၌ လျှပ်စစ်မီးတိုင်များ ပြိုလဲသွားသဖြင့် ပြင်ဆင်မှုများပြုလုပ်နေရဆဲဖြစ်ပြီး မြို့တွင်း အချို့နေရာများ၌ သစ်ကိုင်းများကျိုးကျခြင်းကို ရှင်းလင်းဖယ်ရှားမှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦီးချမ်းမြေ့စော အပါအဝင် မြို့မီးလင်းရေးကော်မတီတို့မှ လျှပ်စစ်မီးတိုင် လဲကျသည့် နေရာများသို့  သွားရောက်ပြီး လျှပ်စစ်မီး ပြတ်တောက်နေသည့် နေရာများ နှင့် လျှပ်စစ်မီးတိုင်ပြိုကျကာ လမ်းပိတ်မိနေသည့်နေရာများ အမြန်ဆုံး သွားလာရ လွယ်ကူရန်အတွက် ညတွင်းချင်း ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကိုဇောင်း၊ ဟိန်းခန့်ဖြိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~