တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
မေ 9, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက် ကချင်ရွာတွင် အသက် (၅၀) ဝန်းကျင် အမျိုးသားတစ်ဦး ၂၀၂၀ ခုနှစ်၊ မေလ (၉)ရက်နေ့ နံနက်ပိုင်းက နေအိမ်၌ ကြိုးဆွဲချသေဆုံးသွားသည်။

ကချင်ရွာမှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေတယ်လို့ ကျွန်တော်တို့ဆီ မနက် (၉)နာရီလောက် ဖုန်းဝင်လာတယ်။ ရဲတပ်ဖွဲ့ကစစ်ဆေးပြီး အလောင်းကို ဆေးရုံမှာစစ်ဆေးဖို့ ပို့ပေးထားတယ်။ သူက ခါတိုင်းတော့ အိမ်ခန်းတံခါးပိတ်ထားလေ့ရှိပေမဲ့ ဒီမနက် သူ့မိန်းမဈေးရောင်းပြန်လာတော့ တံခါးပွင့်နေတာ တွေ့ရတယ်တဲ့။ အဲဒီမှာ အခန်းထဲ ကြိုးဆွဲချထားတာတွေ့လို့ ဖုန်းလှမ်းဆက်တာလို့ ပြောတယ်

ဟု အလောင်းသွားသယ်ပေးသည့် တာချီလိတ်နာရေးကူညီမှုအသင်းမှ အသင်းဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးနိုင်ရန် အလောင်းအား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ဝမ်ကောင်းရပ်ကွက်အတွင်း ကချင်ရွာရှိ  နေအိမ်လိုင်းခန်းအငှားနေထိုင်သူတစ်ဦးဖြစ်ပြီး မိသားစုဝင် (၇) ဦးရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~