သီပေါမြို့တွင် အသက်(၁၃)နှစ်အရွယ် မိန်းကလေးအား အဓမ္မကျင့်သည့် ဖခင်နှင့် အခြားအမျိုးသားတစ်ဦး တို့ကို ဖမ်းဆီးအရေးယူ

သီပေါမြို့တွင် အသက်(၁၃)နှစ်အရွယ် မိန်းကလေးအား အဓမ္မကျင့်သည့် ဖခင်နှင့် အခြားအမျိုးသားတစ်ဦး တို့ကို ဖမ်းဆီးအရေးယူ
မေ 29, 2020
By Tachileik News Agency
သီပေါမြို့တွင် အသက်(၁၃)နှစ်အရွယ် မိန်းကလေးအား အဓမ္မကျင့်သည့် ဖခင်နှင့် အခြားအမျိုးသားတစ်ဦး တို့ကို ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင် အသက် (၁၃)နှစ်အရွယ် မိန်းကလေးအား ဖခင်ဖြစ်သူနှင့် အခြားအမျိုးသား (၁)ဦးတို့က လွန်ခဲ့သည့် (၁၁)ရက်က အဓမ္မပြုကျင့်ကြောင်း ၂၀၂၀ ခုနှစ်၊ မေလ (၂၇)ရက်နေ့၌ တိုင်တန်းသဖြင့် အမျိုးသားနှစ်ဦးကို သီပေါမြို့မရဲစခန်း၌ ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
နွမ်းပါးသည့် မိသားစုတစ်ခုမှ မိန်းကလေးငယ်တစ်ဦးကို ဖခင်ဖြစ်သူက မေလ (၁၇)ရက်နေ့တွင် နေအိမ်၌ အဓမ္မပြုကျင့်ခဲ့ပြီးနောက် မေလ (၂၁)ရက်နေ့တွင် အိမ်သို့အလည်လာသည့် အသက် (၂၀)အရွယ် အမျိုးသားတစ်ဦးက ထပ်မံ၍ အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု အမျိုးသမီးတစ်ဦးအား ပြောပြသဖြင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ မိန်းကလေးကို လူမှုဝန်ထမ်းရုံးက စောင့်ရှောက်ပေးထားကြောင်း သိရပြီး အမှုဖွင့်တိုင်ကြားခံရသည့် အမျိုးသားနှစ်ဦးကို သီပေါရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးကာ သက်သေပစ္စည်းများ သိမ်းဆည်းခြင်းကို ဆောင်ရွက်ထားကြောင်း သိရသည်။
အသက်မပြည့်သေးသည့် အမျိုးသမီးကို အဓမ္မပြုကျင့်သည့် အသက် (၃၇)နှစ်အရွယ် ထွန်းအောင်နှင့် အသက် (၂၀)အရွယ် မင်းခန့်တို့အား သီပေါမြို့မရဲစခန်းတွင် ( ပ ) ၄၃ / ၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ -၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~