တာချီလိတ် Quarantine Center မှ နေရပ်ပြန်တစ်ဦး မယ်ဆိုင်ဘက် ထွက်ပြေးသွား၍ ကူးစက်ဥပဒေဖြင့် အမှုဖွင့်

တာချီလိတ် Quarantine Center မှ နေရပ်ပြန်တစ်ဦး မယ်ဆိုင်ဘက် ထွက်ပြေးသွား၍ ကူးစက်ဥပဒေဖြင့် အမှုဖွင့်
မေ 31, 2020
By Tachileik News Agency
တာချီလိတ် Quarantine Center မှ  နေရပ်ပြန်တစ်ဦး မယ်ဆိုင်ဘက် ထွက်ပြေးသွား၍ ကူးစက်ဥပဒေဖြင့် အမှုဖွင့်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှနေရပ်ပြန် (၇၆)ဦးအား COVID 19 ဓါတ်ခွဲနမူနာ ရယူစစ်ဆေးရန် ကန့်သတ်ထားရှိသည့် မိုးကုတ်ဝိပဿနာတရားရိပ်သာမှ နေရပ်ပြန်အမျိုးသား (၁)ဦး ၂၀၂၀ ခုနှစ်၊ မေလ (၃၁)ရက်နေ့အကူး နံနက်အစောပိုင်းက ထွက်ပြေးသွားသဖြင့် ကူးစက်ဥပဒေဖြင့် အမှုဖွင့်ထားသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန် (၄၈)ဦးနှင့် ပြစ်ဒဏ်စေ့၍ လွှဲပြောင်းပေးလာသူ (၂၈)ဦး စုစုပေါင်း (၇၆)ဦးကို မေလ (၂၉)ရက်နေ့တွင် တာချီလိတ်ဘက်၌ လက်ခံပြီး မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် ထားရှိခြင်းဖြစ်သည်။

ဒီမနက်အစောပိုင်းမှာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ မယ်ဆိုင်ဘက်ကို ထွက်ပြေးတယ်လို့ ကြားလို့ မယ်ဆိုင်ဘက်ကိုတော့ အကြောင်းကြားထားပါတယ်။ သူတို့ဘက် ဖမ်းဆီးရေးလုပ်နေဆဲဆိုပေမဲ့ ဒီဘက်ကတော့ ကျန်းမာရေးကနေ ကူးစက်ဥပဒေနဲ့ အမှုဖွင့် တရားစွဲရမှာပါ

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်များကို နယ်စပ်ဂိတ်ရှိသည့်မြို့တွင် ဓါတ်ခွဲစစ်ဆေးရန် ရက်အနည်းငယ် အသွားအလာကန့်သတ်ထားရှိကာ COVID 19 ပိုးမတွေ့ရပါက သက်ဆိုင်ရာမြို့နယ်သို့ပြန်၍ (၂၁)ရက် facility quarantine ဝင်ကြရန်ညွှန်ကြားချက်အရ မိုးကုတ်ဝိပဿနာတရားရိပ်သာမှ Facility Quarantine ဝင်နေသူများကို မေလ (၃၀)ရက်နေ့က ဓါတ်ခွဲနမူနာရယူစစ်ဆေးထားခြင်းဖြစ်သည်။

ဒီနေ့ပဲ ဓါတ်ခွဲအဖြေရလာရင် ကိုယ့်နေရပ်ကိုယ်ပြန်ကြရမှာပါ။  အခုလို ထွက်ပြေးတော့ ကျွန်တော်တို့ ကူးစက်ဥပဒေနဲ့ တရားစွဲရတာဖြစ်လာပါတယ်

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။

ထွက်ပြေးသွားသူသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အိမ်ခန်းငှား၍ နေထိုင်သူဖြစ်ပြီး လကုန်ရက်ဖြစ်၍ လူမရှိပါက အိမ်ရှင်မှ အခန်းအား ပြန်သိမ်းပြီး အိမ်ခန်းအတွင်းမှ ပစ္စည်းများကို စွန့်ပစ်မည်ကို စိုးရိမ်သည်များရှိကြောင်းကို မိုးကုတ်ရိပ်သာသို့ ရောက်ရှိစဉ် အတူနေထိုင်သူများကို ပြောပြကြောင်း သိရသည်။

 မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် ဖွင့်လှစ်ထားသည့် Quarantine Center လည်ပတ်ရေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့အပြင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နှင့် Volunteer များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~